မြန်မာသံတော်ဆင့်သတင်းစာ

Home » ဆောင်းပါး » သမိုင်းထဲက သံတော်ဆင့် အထူးစာစောင်၊ နိုင်ငံတော်၏အထိမ်းအမှတ် အလံ – ကိုဌေး(နတ်မောက်)

သမိုင်းထဲက သံတော်ဆင့် အထူးစာစောင်၊ နိုင်ငံတော်၏အထိမ်းအမှတ် အလံ – ကိုဌေး(နတ်မောက်)

အစိုးရကို မကျေနပ်တာနှင့် နိုင်ငံတော် သင်္ကေတကို မရိုမသေမပြုအပ် ဟူသောသဘောကို မဆလအစိုးရက ပညာပေးမှုမရှိခဲ့ပေ။ ယခု ဦးသိန်းစိန် အစိုးရကလည်း ကိုယ်သတ်မှတ်သည့် အလံကို ရိုရိုသေသေ တန်ဖိုး မထားခြင်းမှာ ပညာ မကြွယ်ဝ၍ဖြစ် . . .

(3-43)-026သံတော်ဆင့် လွတ်လပ်ရေး အထူးစာစောင်ကို သမိုင်းတန်ဖိုးသိ စာအုပ် အသိမ်းဆည်းကောင်းသူ ဦးရွှေထွန်းထံမှ ဖတ်ရပါသည်။ ၂၂-၁၁-၄၇ နေ့စွဲပါ ၀န်ကြီးချုပ် သခင်နု၏ သံတော်ဆင့် အယ်ဒီတာသို့ ပေးစာကို ဖတ်ရခြင်းဖြင့် စတုတ္ထမဏ္ဍိုင်ကို မည်မျှ လေးစားကြောင်း ခန့်မှန်းနိုင်ပါသည်။

စာစောင်တွင် ““ပြည်ထောင်စု မြန်မာနိုင်ငံအလံတော်”” အကြောင်း ဖတ်ရ၍ ကျွန်တော်တို့ ကျောင်းသားဘ၀က ဆရာ၊ ဆရာမတို့ လမ်းညွှန်ပုံကို သတိရမိပါသည်။ အလံသည် နိုင်ငံတော်၏ သင်္ကေတဖြစ်သည်။ အစိုးရ အမျိုးမျိုး ပြောင်း၍ နိုင်ငံတော် အလံအမျိုးမျိုး ပြောင်းသည်မှာ မသင့်ဟု ထင်မိသော်လည်း နိုင်ငံတော် အထိမ်းအမှတ်ဖြစ်၍ အလံကို ရိုသေရမည်ဟူသော အသိကို နိုင်ငံသားတိုင်း သတိရှိစေသင့်သည်။ ဤသည်မှာ အစိုးရ တာဝန်ဖြစ်သည်။

Vol3_No43_25

လွတ်လပ်ရေးရချိန် အစိုးရနှင့် သံတော်ဆင့် တာဝန်ကျေပုံက ပြည်ထောင်စု အလံတော်အကြောင်း အသုံးပြု နည်း အပါအ၀င် သတိပြုစရာတို့ကိုပါ ဖော်ပြထားခြင်း ဖြစ်သည်။ ယခုအစိုးရ အနေနှင့်လည်း အလံတော်၏ သဘော တို့ကို နိုင်ငံသားတို့သိရန် ပညာပေးသင့်သည်။

ရှက်ဖွယ်ကောင်းသည်က ပြည်ခိုင်ဖြိုးအစိုးရက နိုင်ငံတော်အလံကို ကိုယ့်ဘာသာကိုယ် သတ်မှတ်ပြီး ကိုယ့်ဘာသာကိုယ် အတည့်ပြောင်းပြန် မခွဲတတ်ဘဲ ပြည်ခိုင်ဖြိုး အခမ်းအနား တစ်ခုမှာ ပြောင်းပြန်လွှင့် ကိုင်ဆောင် ခဲ့ခြင်းဖြစ်သည်။ တစ်ခါ နိုင်ငံခြား ဧည့်သည်လာစဉ် ထိုနိုင်ငံအလံနှင့် မြန်မာနိုင်ငံတော်အလံကို ယှဉ်တွဲထားရာ ကိုယ့်အလံက ဇောက်ထိုးဖြစ်နေခြင်းပင်။ နေရာကလည်း အစိုးရ အဆောက်အအုံမှာ ဖြစ်သည်။

Vol3_No43_26

၁၉၈၈ က နိုင်ငံတော်အလံကို ပြောင်းပြန်လွှင့်၍ ဆန္ဒပြခြင်းမှာ ပြည်သူတို့အနေဖြင့် အစိုးရနှင့် နိုင်ငံတော်ကို ခွဲခြားမသိ၍ ဖြစ်သည်။ အစိုးရကို မကျေနပ်တာနှင့် နိုင်ငံတော် သင်္ကေတကို မရိုမသေ မပြုအပ်ဟူသော သဘောကို မဆလအစိုးရက ပညာပေးမှု မရှိခဲ့ပေ။ ယခု ဦးသိန်းစိန် အစိုးရကလည်း ကိုယ်သတ်မှတ်သည့် အလံကို ရိုရိုသေသေ တန်ဖိုးမထားခြင်းမှာ ပညာမကြွယ်ဝ၍ ဖြစ်သည်။

ဆိုလိုရင်းက နိုင်ငံတော်အလံအကြောင်း ပြည်သူတို့သိရန် စာနယ်ဇင်းတို့က ပညာပေးရန် လိုအပ်ပါသည်။ ကျွန်တော်တို့ နိုင်ငံတော်အလံကို ရိုသေရမည်ဟု သိနေရခြင်းမှာ ဆရာတို့က ပညာပေး၍ဖြစ်သည်။ သူတို့သည် ထိုစဉ်က ဤသံတော်ဆင့် လွတ်လပ်ရေး အထူးစာစောင်ကို ဖတ်ခဲ့ကြရာသည်။

လွတ်လပ်ရေး အထူးစာစောင်ပါ ပြည်ထောင်စု မြန်မာနိုင်ငံ အလံတော်သည် ၁၉၄၈ မှ ၁၉၇၃ ထိ နိုင်ငံတော် သင်္ကေတ ဖြစ်သည်။ အလံတော် အသုံးပြုနည်းမှာ ယနေ့တိုင် ပြောင်းလဲမှု မရှိသေးပါ။ လူငယ်ထု သိရှိရန် ဖော်ပြ ပေးလိုက်ပါသည်။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s