မြန်မာသံတော်ဆင့်သတင်းစာ

Home » သတင်း » အားကစား

Category Archives: အားကစား

တားမြစ်ဆေး သုံးစွဲမှုကြောင့် ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် မာလာနွယ်ထံမှ ဆုတံဆိပ် ပြန်လည်သိမ်းယူ

ရန်ကုန်၊ ဇွန် ၎

““စံချိန်သစ်တင်၍ ရယူခဲ့သော မြန်မာ့ဆီးဂိမ်းစ် ရွှေတံဆိပ်ပြန်ရုပ် သိမ်းခံရ”” ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ လ ၈ ရက်နေ့ထုတ် မြန်မာသံတော် ဆင့်ဂျာနယ်၌ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ကီလိုမီတာ ၂၀ အမြန်လမ်း တလျှောက် ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိခဲ့ သည့် စောမာလာနွယ် မှာ မြန်မာသံတော်ဆင့် မှ ရေးသားခဲ့သည့်အတိုင်း တားမြစ် ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့ သဖြင့် ရွှေတံဆိပ် ပြန်လည်ရုပ်သိမ်း ခံရကာ ပြည်တွင်း ပြည်ပ ပြိုင်ပွဲများ၌ ၂ နှစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက် ကြောင်း မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ် အထွေထွေအတွင်းရေး မှူး ဦးမြသန်းထိုက်က ဇွန်လ၄ရက် နေ့ တွင် မြန်မာသံတော်ဆင့် သို့ အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ ရွှေတံဆိပ်ပြန်လည် ရုပ်သိမ်းခံရသည့်သတင်းကို မြန်မာ သံတော်ဆင့်ဂျာနယ်တွင် ဖော်ပြခဲ့စဉ် က ပြည်တွင်းထုတ် ဂျာနယ်အချို့မှ မဖြစ်နိုင်ေ ကြာင်း ရေးသားဖော်ပြခဲ့ပြီး ရွှေတံဆိပ်ဆု ရရှိခဲ့သည့် စောမာလာ နွယ်အနေဖြင့် ၎င်းမှာ အိမ်ထောင်သည် တစ်ဦးဖြစ်သည့်အတွက် သန္ဓေတားဆေး သုံးစွဲခဲ့ကြောင်း၊ အခြား မည်သည့်တားမြစ်ဆေးကိုမှ သုံးစွဲဖူးခြင်း မရှိကြောင်းကိုလည်း ဖြေရှင်းချက်များ ပြောဆိုခဲ့ဖူးသည်။… (more…)

အမေရိကန် ၀ါရင့်တိုက်စစ်မှူး ဒိုနိုဗန် ကမ္ဘာ့ဖလားပွဲလူစာရင်းမှ ချန်လှပ်ခံရ

မေ ၂၃

အမေရိကန်အသင်း၏ ၀ါရင့်တိုက်စစ်မှူး လန်ဒန်ဒိုနိုဗန်သည် ယခုနှစ်ကမ္ဘာ့ဖလား ပါဝင်ရှင်ပြိုင်ခွင့်မှ လွဲချော် ခဲ့ကြောင်း ဘီဘီစီသတင်းဌာနက မေလ ၂၂ ရက်တွင် ဖော်ပြသွားခဲ့သည်။ ယခင်အဲဗာတန်အသင်းတွင် ကစားခဲ့ဖူးပြီး လက်ရှိ အယ်အေဂလက်စီအသင်းတွင် ကစားလျက်ရှိသူ ဒိုနိုဗန်သည် နည်းပြ ကလင်း စမန်း၏ နောက်ဆုံး လက်ရွေးစင် ၃၆ ယောက်စာရင်းတွင် ပါဝင်ခြင်း မရှိတော့ပဲ ၄င်းအစား တစ်ရာသီးလုံးတွင် ၃၉ ပွဲကစား ကာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့သည့် ဆန်းဒါးလန်းတိုက်စစ်မှူး ဂျိုဇီကို နည်းပြက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပရီးမီးယားလိဂ်မှ အဲဗာတန်ဂိုးသမား တင်ဟောင်းဝပ်၊ အက်စ်တွန်ဗီလာမှ ဘရတ်ဂူဇန် နှင့် စတုတ်အသင်းမှ နောက်ခံလူ ဂျော့ဖ်ကင်မရွန်း တို့လည်း ရွေး ချယ်ခံခဲ့ရသည်။ အမေရိကန်အသင်းအနေဖြင့် လာမည့်ကမ္ဘာ့ဖလားတွင် ခက်ခဲသော အုပ်စုကျပ်အတွင်း ကျရောက်လျက်ရှိပြီး ထိပ်သီးအသင်း များဖြစ်သည့် ဂျာမနီ၊ ပေါ်တူဂီ၊ အာဖရိကထိပ်သီး ဂါနာအသင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

နယ်သာလန်နည်းပြ လူးဝစ္စဗန်ဂါးလ်အား မန်ယူက ၃နှစ်စာချုပ် ချုပ်ဆို

ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ် အသင်းတို့အား ပထမရာသီမှာပင် အောင်မြင်မှုများ ရယူပေးနိုင်ခဲ့သော နယ်သာလန်နည်းပြ လူးဝစ္စဗန်ဂါးလ်သည် မန်ယူအသင်း၏ မန်နေဂျာအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီဖြစ်သည်။ အဆိုပါ နယ်သာလန်သား သည် ၁၉၉၇-၉၈ ဘောလုံးရာသီ တွင် ဘာစီလိုနာအသင်းအား စပိန် လာလီဂါ ဖလားကို ရယူပေးနိုင်သ ကဲ့သို့ ၂၀၀၉-၁၀ ဘောလုံးရာသီတွင်လည်း ဘိုင်ယန်မြူးနစ်နှင့် အတူ ဘွန်ဒက်စ်လီ ဂါဖလားအား ရယူပေးနိုင်ခဲ့သော နည်းပြကောင်း မှတ်တမ်းကို ရေးထိုးနိုင်ခဲ့သည်။ ပရီးမီးယားလိဂ်၌ နိုင်ငံခြားသားနည်းပြများ အောင်မြင်ခဲ့ရာတွင် ချဲလ်ဆီးနည်းပြ မော်ရင်ဟို၊ ထို့ နောက် ချဲလ်ဆီးကို ကိုင်တွယ်ခဲ့သော ယခုလက်ရှိ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီ၊ ယခုမန်စီးတီးကို ကိုင်တွယ် နေသော ပယ်လီဂရီနီ တို့သည် ထင်ရှားသောနည်းပြ ၃ ဦး ဖြစ်သည်ဟု မီဒီယာများက သတ် မှတ်ကြပါသည်။… (more…)

ပေါ်တူဂီမြေမှာ မက်ဒရစ်ဒါဘီ အပြိုင်နွှဲကြမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ

လာမည့်တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် နံနက် ၁း၁၅ နာရီတွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပေါ်တူဂီ နိုင်ငံ လစ္စ ဘွန်းမြို့ရှိ ဘင်ဖီကာ အသင်း ပိုင်ဆိုင်သော အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရမည်ဖြစ် ပါသည်။ ကစားကြရမည့်အသင်းနှစ် သင်းမှာ စပိန်လာလီဂါ၏ အသင်းနှစ်သင်းလည်းဖြစ်ပြီး မက်ဒရစ်မြို့၏ မြို့ခံ ပြိုင်ဘက် အသင်းနှစ်သင်း လည်းဖြစ်သော ရီးရဲလ်မက်ဒရစ်နှင့် အက်သလက်တီကိုမက်ဒရစ်တို့ ယှဉ်ပြိုင် ကစားကြရမည်ဖြစ်သည်။ ပွဲကြီးကြပ်မည့် ကွင်းလယ်ဒိုင်နှင့် လက်ထောက်ဒိုင်များမှာ နယ်သာလန်လူမျိုးများဖြစ်ပြီး စတုတ္ထဒိုင်မှာမူ တူရကီလူမျိုး ဒိုင်လူကြီး တစ်ဦးဖြစ်သည်ကို တွေ့ရှိရသည်။

ရီးရဲလ်မက်ဒရစ်အသင်းသည် နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲစုံ ၆ ပွဲတွင် ၃ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲရှုံးနိမ့်ထား သည်ကို တွေ့ရှိရပြီး အက်သလက်တီကို မက်ဒရစ်အသင်းမှာမူ နောက်ဆုံးကစားခဲ့သည့် ၇ ပွဲ တွင် ၃ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၁ ပွဲ ရှုံးရလဒ် ထွက်ပေါ်ထားသည်ကို မြင်တွေ့ခဲ့ရပါသည်။ အက်သလက်တီကိုမက်ဒရစ်သည် ရမှတ် ၉၀ ဖြင့် စပိန်လာလီ ဂါချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်မှာမူ ရမှတ် ၈၇ မှတ်ဖြင့် တတိယနေရာဖြင့် သာ ကျေနပ်ခဲ့ရသဖြင့် ယင်းတို့၏ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပိုမိုအသက် ၀င်လာဖွယ်ရာရှိသည်ဟု မီဒီယာ များက သုံးသပ်နေကြပါသည်။… (more…)

နှစ်ပေါင်းလေးဆယ်အတွင်း ပထမဦးဆုံးအကြိမ် အက်သလက်တီကိုတို့ ဗိုလ်လုပွဲတက်ပြီး စပိန်အသင်းနှစ်သင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံခဲ့သော ချန်ပီယံလိဂ်ဖိုင်နယ်

ပြီးခဲ့သည့် အင်္ဂါညနှင့် ဗုဒ္ဓဟူးညများတွင် ကစားခဲ့သည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်များအရ စပိန်ကလပ်အသင်းများ ဖြစ်သည့် ရီးရဲလ်မက်ဒရစ်နှင့် အက်သလက်တီကို မက်ဒရစ်တို့သည် နောက်ဆုံး ဗိုလ်လုပွဲသို့ အသီးသီး တက်ရောက် သွားခဲ့ကြပြီ ဖြစ်သည်။

ဂျာမန်မြေပေါ်တွင် ကစားခဲ့သည့် ဘိုင်ယန်မြူးနစ်နှင့် ရီးရဲလ်မက်ဒရစ်တို့ပွဲတွင် ရီးရဲလ်မက်ဒရစ်က ဂျာမန် မြေပေါ်တွင် ၄ ဂိုးပြတ်ဖြင့် အနိုင်ယူကာ ၂၀၁၂ ရှုံးကြွေးကို ဆပ်နိုင်ခဲ့သည်။

ပထမပိုင်း ၁၆ မိနစ်တွင် လူးကာမိုဒရစ် ကန်တင်ပေးသော ထောင့်ကန်ဘောမှတစ်ဆင့် နောက်ခံလူ ရာမို့စ်က ခေါင်းတိုက်ပြီး ရီးရဲလ်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။

၎ မိနစ်အကြာ ပြစ်ဒဏ်ဘောမှတစ်ဆင့် ဒီမာရီယာ ကန်တင်ပေးသည်ကို ရာမို့စ်ကပင် ခေါင်းတိုက်ပြီး ဒုတိယဂိုး ရယူခဲ့သည်။ ပွဲချိန် ၃၄ မိနစ်တွင် ဂါရတ်ဘေးလ်၏ ဖန်တီးမှုမှတစ်ဆင့် စီရော်နယ်ဒိုက တတိယ ဦးဆောင်ဂိုးကို သွင်းယူ နိုင်ခဲ့သည်။

ဒုတိယပိုင်း ပြီးဆုံးခါနီး ၁ မိနစ် အလိုတွင် ဂိုးဧရိယာ ဘယ်ဘက်ခြမ်း၌ရရှိသော ပြစ်ဒဏ်ဘောမှတစ်ဆင့် စီရော်နယ်ဒိုက လူတံတိုင်း ၏ အောက်ခြေမှနေ၍ မြေနိမ့်ဘော ကန်သွင်းကာ ရီးရဲလ်အတွက် ၄-၀ ဖြစ်စေ ခဲ့သည်။ (more…)

လီဗာပူးနှင့် ပွဲတွင် ချဲလ်ဆီးအသင်း အဓိက ကစားသမားများကို ပွဲမထုတ်ခဲ့လျှင်လည်း အရေးယူ ခံရမည် မဟုတ်

ဧပြီ ၂၅

ချဲလ်ဆီး မန်နေဂျာ မော်ရင်ညိုက ယခုတစ်ပတ် ယှဉ်ပြိုင်ကစားမည့် လီဗာပူးအသင်းနှင့်ပွဲတွင် ပွဲထွက်စာရင်းကို အမာခံ ကစားသမားများကို ပွဲမထုတ်ဘဲ အားနည်းသည့်အသင်းဖြင့် ပွဲထုတ်ရန် ဆုံးဖြတ်ခဲ့ လျှင်လည်း အရေးယူခံရဖွယ် မရှိကြောင်း ဘီဘီစီသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။ ၂၀၁၁ ခုနှစ်အတွင်းက ဘလက်ပူးအသင်းသည် အသင်း၏ လူစာရင်းကို ၁၀ နေရာအထိ အပြောင်း အလဲလုပ်ကာ အားနည်းသည့် ပွဲထွက်လူစာရင်းဖြင့် ယှဉ်ပြိုင်ခဲ့သည့် အတွက် ပေါင် နှစ်သောင်းခွဲ ဒဏ်ရိုက် အပြစ်ပေးခံခဲ့ရပြီး နောက်ပိုင်းတွင်မူ ယင်းစည်းမျဉ်းများကို ပရီးမီးယားလိဂ်အဖွဲ့က ဖြေလျော့မှု များ ပြုလုပ်ပေး ခဲ့သည်။ ၂၀၀၉ ခုနှစ် အတွင်းကလည်း ၀ုဖ်အသင်း မန်နေဂျာ မက်ကာသီလည်း ယင်းသို့လူစာ ရင်းပြောင်း လဲမှုကြောင့် ပေါင်နှစ်သောင်းခွဲ ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးသည်။

လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်သုံးပွဲသာ ကစားရန် ကျန်ရှိနေသည့် ချဲလ်ဆီးအသင်းအနေဖြင့် ထိပ်ဆုံးမှ လီဗာပူးအသင်းနှင့် ငါးမှတ်အကွာ ဒုတိယနေရာတွင် ရပ်တည်နေပြီး တတိယနေရာမှ မန်စီးတီး အသင်းထက် တစ်ပွဲပို တစ်မှတ်အသာနေရာတွင် ရပ်တည်နေခြင်းဖြစ်ရာ ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ရေး မလွယ်ကူသည့် အခြေအနေကို ရောက်ရှိနေခြင်းဖြစ်သည်။… (more…)

ယူရို၂၀၁၆ ခြေစစ်ပွဲများတွင် ပထမဆုံးအကြိမ်အဖြစ် အိမ်ရှင်ပြင်သစ်ဝင်ရောက်ကစားမည်ဖြစ်သော်လည်း ရမှတ်များကို ထည့်သွင်းတွက်ချက်မည်မဟုတ်

ဖေဖော်ဝါရီ ၂၄

ပြင်သစ်နိုင်ငံတွင် ကျင်းပမည့် ယူရို ၂၀၁၆ အတွက် ခြေစစ်ပွဲအုပ်စု ပွဲစဉ်များကို ရေးဆွဲခြင်းကို ဥရောပဘောလုံး အဖွဲ့ချုပ်က ပြီးခဲ့သည့် တနင်္ဂနွေနေ့ တွင် ပြုလုပ်ခဲ့ရာ အုပ်စု ကိုးစုခွဲခြားထားပြီး အိမ်ရှင်ပြင်သစ်အသင်းသည် ယင်းခြေစစ်ပွဲများကို ချစ်ကြည်ရေး သဘောမျိုး ၀င်ရောက်ကစား မည်ဖြစ်ကြောင်း goal.com တွင်ရေး သား ဖော်ပြခဲ့သည်။

၅၃သင်း ၀င်ရောက်ယှဉ်ပြိုင်မည့် ယူရို ၂၀၁၆ ပြိုင်ပွဲ ခြေစစ်ပွဲများကို အုပ်စု ကိုးစုခွဲခြားထား ရာတွင် ခြောက်သင်းပါ ရှစ်အုပ်စုနှင့် ငါးသင်းပါတစ် အုပ်စုပါဝင်နေခြင်းဖြစ် ပြီး ပြင်သစ် အသင်းသည် ယင်းငါးသင်းပါ အုပ်စုတွင် ၀င်ရောက်ကစား မည်ဖြစ်သည်။ သို့သော် လည်း ပြင်သစ် အသင်းကစားမည့် ပွဲများမှ ရလဒ်များကို အတည်ပြုမည်မဟုတ်ပဲ ရမှတ်မဲ့အဖြစ်သာ သတ်မှတ် သွားမည်ဖြစ်သည်။ ယခုကဲ့သို့ အိမ်ရှင်အသင်းမှ ခြေစစ်ပွဲများတွင် ၀င်ရောက်ကစားခဲ့ခြင်းမှာ သမိုင်းကြောင်းတစ်လျှောက် ပထမဆုံးအကြိမ်လည်းဖြစ်သည်။

ပြင်သစ်အသင်းပါဝင် ကစားမည့် အုပ်စု (i) တွင် ပါဝင်သော အသင်းငါးသင်းမှာ ပေါ်တူဂီ၊ ဒိန်းမတ်၊ ဆားဘီးယား၊ အာမေးနီးယားနှင့် အယ်လ်ဘေးနီး ယား အသင်းတို့ဖြစ်ကြသည်။ … (more…)

ရွန်းနီကို တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းဖြင့် လေးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုကြောင်း မန်ယူအသင်းကြေညာ

ဖေဖော်ဝါရီ ၂၂

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရွန်းနီသည် အသင်းနှင့် လေးနှစ်သက်တမ်းရှိ သက်တိုး စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပြီး တစ်ပတ်လုပ်ခလစာ ပေါင်သုံးသိန်းရရှိမည်ဖြစ်ကြောင်း မန်ယူအသင်း မှ ကြေညာခဲ့သည်ဟု BBC သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

ရွန်းနီသည် ယခင်က တစ်ပတ်လုပ်ခလစာ နှစ်သိန်းခွဲသာ ရရှိနေခြင်းဖြစ်ပြီး ထိုစာချုပ်အရ ရွန်းနီသည် မန်ယူအသင်းတွင် ၂၀၁၉ ခုနှစ်အထိ ရှိနေမည်ဖြစ်သလို ကစားသမားဘ၀မှ အနားယူပါကလည်း မန်ယူအသင်း၏ သံတမန်အဖြစ်ဆက် ရှိနေမည်ဖြစ်ကြောင်းလည်း သိရသည်။

ရွန်းနီက”ကျွန်တော် လာမယ့် သြဂုတ်လဆိုရင် ဒီအသင်းမှာကစားခဲ့တာ ဆယ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒီကာလတွေအတွင်းမှာ တကယ့်ကစားသမားကောင်းတွေနဲ့ လက်တွဲပြီး ကစားခဲ့ရပါတယ်။ ကျွန်တော် ပထမဆုံးအကြိမ်အဖြစ် လက်မှတ်ထိုးခဲ့ကတည်းက မျှော်လင့်ထားသမျှ အရာတွေအားလုံးကိုလည်း ရယူနိုင်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်ဟာ လူငယ်ကစားသမားတွေကို ကူညီပေးရမယ့် စီနီယာ ကစားသမား တစ်ယောက်ဖြစ်နေပါပြီ” ဟု အသင်း၏ တရားဝင် ၀က်ဆိုက်တွင် ပြောခဲ့သည်။ … (more…)

ဆီးဂိမ်းဘောလုံးပွဲ မှတ်ပုံတင်ပြ၊ လုံခြုံရေး ၅ ဆင့် အစစ်ခံမှ ကြည့်ခွင့်ရ – ချမ်းမြေ့ခိုင်

ဒီဇင်ဘာလ ၇ရက်က ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ အသက် ၂၃နှစ်အောက် ဘောလုံးအဖွင့်ပွဲတွင် မြန်မာ နှင့်ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ခြင်းမပြုမီ အားကစားသမားများကို အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် နှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်တို့က နှုတ်ဆက်နေစဉ်။

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၄ နှစ်အကြာတွင် ပြန်လည် ကျင်းပခွင့် ရရှိခဲ့ပြီး အရှေ့တောင်အာရှ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ဧည့်ပရိသတ်များနှင့် ပြည်သူများဘေး ကင်းစေရန် ယခင်ထက် လုံခြုံရေး တိုးမြှင့်ချထားပေးသော်လည်း လိုအပ်ချက်များ ရှိသည်ဟု ဒီဇင်ဘာ ၇ ရက် သုဝဏ္ဏ အားကစားတွင် ကျင်းပခဲ့သော ၂၇ ကြိမ်မြောက် ဆီးဂိမ်းဘောလုံးပြိုင်ပွဲကြီးတွင် ကြည့်ရှုအားပေး သူ ပြည်သူတချို့က မြန်မာသံတော်ဆင့်သို့ ပြော သည်။

မြန်မာနိုင်ငံရှိ ပြည်သူအများအပြား အားပေးမှု အရှိဆုံးဖြစ်သည့် ဆီးဂိမ်းဘောလုံးပြိုင်ပွဲကို ယခင် ဘောလုံး ပြိုင်ပွဲများထက် ပိုမိုစည်း ကမ်းတင်းကျပ် စစ်ဆေးမှုများရှိခဲ့ပြီး နိုင်ငံသားစိစစ်ရေး မှတ်ပုံတင် ကတ်ပြ၍ လက်မှတ် ၀ယ်ယူရမည် ဖြစ်သည့်အပြင် အဆင့် ၅ ဆင့် စစ်ဆေးခံပြီးမှသာလျှင် ကြည့်ရှုရ မည်ဖြစ်သည်။ … (more…)

ဆီးဂိမ်းအားကစားသမားအချို့ နေပြည်တော်ခြင်များ ကိုက်ခံရ၍ အိပ်ရေးမဝ

နေပြည်တော်၊ ဒီဇင်ဘာ ၅

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ ဆီးဂိမ်းပြိုင်ပွဲဝင် ဗီယက်နမ် အားကစားသမားများ အနေဖြင့် တည်းခိုရန် စီစဉ်ပေး ထားသည့် နေအိမ်များ၌ မျှော်လင့် မထားသော ခြင်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ဗီယက်နမ် နိုင်ငံနှင့် ပတ်သက်သည့် သတင်းများ အား ဖော်ပြပေးလျက်ရှိသော http://www.talkvietnam သတင်း စာမျက်နှာ၌ ဖော်ပြထားသည်။

ပြိုင်ပွဲဝင် ဗီယက်နမ် ကစားသမားများမှာ ဒီဇင်ဘာလ ၁ ရက်နေ့က နေပြည်တော်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး ကစားသမားများ တည်းခိုရန် နေရာအား သစ်တောမြေပေါ်တွင် ဆောက်လုပ် ပေးထားခြင်းဖြစ်ပြီး အနီးပတ် ၀န်းကျင်တွင်လည်း ရွှံ့ဗွက်များ၊ ရေကန်များဖြင့် ၀န်းရံလျက်ရှိကြောင်း ကစားသမားများအား ကိုးကား၍ အဆိုပါ သတင်း၌ ဖော်ပြထားသည်။ အဆိုပါ တည်းခိုရိပ်သာ မန်နေဂျာ အနေဖြင့်လည်း ခြင်အန္တရာယ် ကင်းရှင်းရန် အတွက် ထိရောက်သည့် စီမံဆောင်ရွက်မှုများ မရှိသည့် ကစားသမားများ ကိုယ်တိုင် ခြင်လိုက်ဖမ်း နေရ ကြောင်း သိရသည်။ … (more…)

တစ်ပတ်အတွင်း ကစားမည့်ပွဲစဉ်များ

https://thandawsint.wordpress.com/wp-content/uploads/2013/12/spain.jpg၆-၁၂-၂၀၁၃ (သောကြာနေ့)

စပိန်ဘုရင့်ဖလားပြိုင်ပွဲများ

ညနေ ၅း၃၀ နာရီ အက်စပိုတီယူ – ဘက်တစ်

ည ၉း၃၀ နာရီ ဗီလာရီးရဲလ်- အယ်လ်ချီ

ည ၁၁း၀၀ နာရီ အယ်လ်ဂျီစီရက်စ်- ဆိုစီဒက်

၇-၁၂-၂၀၁၃ (စနေနေ့)

ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၁၅

ည ၉း၀၀ နာရီ မွန်ချင် – ရှောလ်ကေး

ည ၉း၀၀ နာရီ စတုဂတ် – ဟန်နိုဗာ … (more…)

မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေလိုလျှင် သိမ်းယူထားသည့် ဘောလုံးကွင်းများ ပြန်ပေးရန်လို

ရန်ကုန်၊ နိုဝင်ဘာ ၁၆

နိုင်ငံတော်အစိုးရ အနေဖြင့် မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည် ဆိုသည့် ဆောင်ပုဒ်အား အကောင်အထည် ဖော်ချင်သည် ဆိုပါက သိမ်းဆည်းထားသည့် အများပိုင် အားကစားများကွင်းအား ပြည်သူ များထံ ပြန်လည်ပေးအပ်ရန် လိုနေသည်ဟု အားကစားကွင်း သိမ်းဆည်း ခံထားရသည့်အတွက် ပြန်လည် ရရှိရန် နိုဝင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့၊ မြို့တော် ခန်းမရှေ့တွင် ဆန္ဒပြနေသည့် ပြည်သူများ က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ထိုဆန္ဒဖော်ထုတ်ပွဲအား ရန်ကုန်တိုင်းဒေသကြီး ပန်းဥယျာဉ်နှင့် အားကစားကွင်းများအား အဆောက်အအုံ ဆောက်လုပ်ခြင်းမှ ကာကွယ်ရေးကော်မတီ (ယာယီ)မှ ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မင်္ဂလာတောင်ညွှန့်၊ တာမွေနှင့် တောင်ဥက္ကလာပမြို့နယ်တို့မှ ပြည်သူ ၂၀ ခန့်က ““မြန်မာ့လက်ရွေးစင် ဂုဏ်ထူးဆောင် အားကစားသမားများ မွေးထုတ်ပေးခဲ့တဲ့ တာမွေ ရာပြည့် ဘောလုံးကစားကွင်းကို ပြန်လည် အသုံးပြုခွင့်ပေးပါ၊ မြန်မာအားကစားမှ ကမ္ဘာ့အားကစားသို့ တက်လှမ်းနိုင်ရေးအတွက် ရပ်ကွက် အားကစားကွင်းများ ပြန်ဖော်ထုတ်ပေးရန်””စသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ … (more…)

ပရီမီးယားလိဂ် ပွဲစဉ် (၁၁) ပွဲကြို ခန့်မှန်းချက် – ကိုထွဋ် (စိန့်ဂျွန်း)

အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူတို့ အာဆင်နယ်ကို အနိုင်ယူနိုင်မှာလား

 အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်ကို အနိုင်ရရှိခဲ့သလို ချန်ပီယံလိဂ်မှာ ဒေါ့မွန်ကို အဝေးကွင်းမှာ အနိုင်ရရှိထားတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ မန်ယူကတော့ ၄ ပွဲ ဆက်တိုက် အနိုင်ရလာပြီးမှ ချန်ပီယံလိဂ်မှာ စပိန်ကလပ် ဆိုစီဒက်ကို အဝေးကွင်းမှာ ဂိုးမရှိ သရေပဲ ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ ရပ်တည်မှုအရ ကတော့ မန်ယူအနေနဲ့ အဆင့် ၈ မှာသာ ရှိနေပါသေးတယ်။ ဒါကြောင့် ဒီပွဲစဉ်ဟာ သူတို့အသင်း နှစ်သင်းကြားရဲ့ အမှတ်ကွာခြားမှုကို လျှော့ပစ် နိုင်မလားဆိုတာ မန်ယူအနေနဲ့ ကြိုးစား လုပ်ဆောင်ရမယ့် ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ ဒုတိယနေရာက ချဲလ်ဆီးကလည်း ၀က်စ်ဘရွန်းနဲ့ တွေ့ဆုံရမှာမို့ သိပ်ပြီး အခက်အခဲ မရှိလောက်ဘူးလို့ ထင်ပါတယ်။ လီဗာပူးလ် အနေနဲ့ကလည်း ဖူလ်ဟမ်းကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်တဲ့အတွက် သူတို့ရဲ့နိုင်ပွဲ ဆက်မှုကို ဆက်လက်ထိန်းသိမ်း သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မန်ယူ Vs အာဆင်နယ်

အိမ်ကွင်းနောက်ဆုံး ၃ ကြိမ် တွေ့ဆုံမှု

၃-၁၁-၁၂ မန်ယူ ၂း ၁ အာဆင်နယ်

၂၈-၈-၁၁ မန်ယူ ၈း ၂ အာဆင်နယ်

၁၂-၃-၁၁ မန်ယူ ၂း ၀ အာဆင်နယ်

သမိုင်းကြောင်း အစဉ်အလာတွေအရ မန်ယူကွင်းမှာ နောက်ဆုံး သုံးကြိမ်ဆက် အာဆင်နယ်တို့ အနိုင်မရခဲ့တာ ကတော့ ထင်ရှားပါတယ်။ ဒါပေမဲ့ ဖာဂူဆန် မရှိတော့တဲ့ ခေတ်လွန် နောက်ပိုင်းမှာ ဒီရာသီ ခြေစွမ်းတက်နေတဲ့ အာဆင်နယ်ကို မန်ယူအနိုင် ကစားနိုင်ပါ့မလား ဆိုတာက စဉ်းစားစရာ ရှိနေပါတယ်။ သရေပွဲဖြစ်မှာပါ။ … (more…)

ပရီးမီးယားလိဂ် ပွဲစဉ် (၁၀) ပွဲကြိုခန့်မှန်းချက် – ကိုထွဋ် (စိန့်ဂျွန်း)

အာဆင်နယ်နဲ့ လီဗာပူးလ်တို့ ထိပ်တိုက်တွေ့ဆုံနေကြပြီ

 

ပြီးခဲ့တဲ့ အပတ်မှာတော့ အသင်းကြီးတွေ အားလုံးထဲမှာ မန်စီးတီး တစ်သင်းပဲ ကံဆိုးခဲ့ပါတယ်။ ကျန်တဲ့ အသင်းကြီးတွေ အားလုံးဟာ မိမိရဲ့ နိုင်ပွဲတွေကို ရယူနိုင်ခဲ့တာ တွေ့ရပါတယ်။ တန်းဆင်းဇုန်ထဲမှာ ရှိနေတဲ့ ဆန်းဒါးလန်း အသင်းကလည်း သူတို့အတွက် နိုင်ပွဲတစ်ပွဲကို ရှာဖွေနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီတစ်ပတ် မှာတော့ အကောင်းဆုံး ပွဲစဉ်အဖြစ် ရွေးချယ်ရမယ်ဆိုရင် အာဆင်နယ်နဲ့ လီဗာပူးလ် ထိပ်တိုက် တွေ့ဆုံနေတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ ၂၂ မှတ်နဲ့ တန်းစီဇယားကို ဦးဆောင်နေခဲ့ပြီး လီဗာပူးလ် အသင်း ကတော့ ရမှတ် ၂၀ နဲ့ တတိယ အနေအထားမှာ ရှိနေခဲ့တာ ဖြစ်တဲ့အတွက် ဒီပွဲစဉ်ရဲ့ ရလဒ်ဟာ တန်းစီဇယားရဲ့ အလှည့်အပြောင်းကို ဖြစ်သွားစေနိုင်တယ် ဆိုတာ အားလုံး သဘောပေါက်ကြမှာ ဖြစ်ပါတယ်။ နာမည်ကြီး မန်ယူအသင်းကတော့ ဖူလ်ဟမ်းအသင်းရဲ့ အဝေးကွင်းကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်တဲ့ အတွက် ရလဒ်ကောင်းတွေ ယူနိုင်ပါ့မလား ဆိုတာ သံသယဖြစ်စရာ ကောင်းနေပါတယ်။

 

 

ကက်ပီတယ်လ်ဝမ်းဖလား ၁၆ သင်းအဆင့်ရလဒ်များ

 

လီဆက်စတာ ၄-၃    ဖူလ်ဟမ်း

ဘာမင်ဂမ်      ၄-၄    စတုတ်စီးတီး

(ပင်နယ်တီရလဒ်ဖြင့် စတုတ် နောက်တစ်ဆင့်တက်)

မန်ယူ      ၄-၀    နော်ဝစ်ခ်ျ

ဘန်လေ      ၀-၂    ၀က်စ်ဟမ်း

အာဆင်နယ် ၀-၂    ချဲလ်ဆီး

တော့တင်ဟမ်   ၂-၂    ဟားလ်စီးတီး

(ပင်နယ်တီရလဒ်ဖြင့် တော့တင်ဟမ် နောက်တစ်ဆင့်တက်)

နယူးကာဆယ်  ၀-၂    မန်စီးတီး (more…)

ရော်နယ်ဒို ဟက်ထရစ်၊ ဘေးလ်နဲ့ ဘန်ဇီမာတို့ နှစ်ဂိုးသွင်းပြီး ဆီဗီလာကို ဂိုးမိုးရွာ

အောက်တိုဘာ ၃၁

ပြီးခဲ့သည့် လာလီဂါပွဲစဉ်များအနက် ရီးရဲလ်မက်ဒရစ်နှင့် ဆီဗီလာအသင်းတို့ ပွဲစဉ်တွင် ရီးရဲအသင်းက ၇-၃ ဖြင့် အနိုင်ရခဲ့ပြီး ရီးရဲလ်အတွက် အနိုင်ဂိုးများကို ရော်နယ်ဒိုက သုံးဂိုး၊ ဂါရတ်ဘေးလ်က နှစ်ဂိုးနှင့် ဘန်ဇီမာတို့က နှစ်ဂိုး အသီးသီးသွင်းယူ ခဲ့ကြသည်။

ယင်းပွဲစဉ်တွင် ပွဲအစ ၁၄မိနစ်နှင့် ၂၇ မိနစ်တို့တွင် ဘေးလ်က လည်းကောင်း ရော်နယ်ဒိုက ၃၂၊ ၆၀၊ ၇၁ မိနစ်တွင်လည်းကောင်း ဘန်ဇီမာက ၅၃နှင့် ၈၀ မိနစ်များတွင်လည်းကောင်း အသီးသီး သွင်းယူပေးခဲ့ကြ ခြင်းဖြစ်ပြီး ဆီဗီလာအတွက် ချေပဂိုးများကို ရာကစ်တီက ၃၈ နှင့် ၆၃ မိနစ်၊ ဘာကာက ၄၀ မိနစ်တို့တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။

ယင်းပွဲအပြီးတွင်မူ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက ရော်နယ်ဒိုနှင့် ဘေးလ်တို့၏  နားလည်မှုရှိစွာ တွဲဖက်ကစား ခြေစွမ်းပြသွားခဲ့ခြင်းကို ချီးကျူးသွားခဲ့သည်။ ယင်းပွဲတွင် ဘေးလ်သည် ဒုတိယဂိုးကို ပြစ်ဒဏ်ဘောမှ တစ်ဆင့် သွင်းယူခဲ့ရာ ရော်နယ်ဒိုသည် ပြစ်ဒဏ်ဘော ကိုတာဝန်ယူ ကန်သွင်းလေ့ ရှိသော်လည်း ဂါရတ်ဘေးလ်ကို ကန်သွင်းခွင့်ပြုပေးခဲ့သည်။ (more…)