မြန်မာသံတော်ဆင့်သတင်းစာ

Home » ဆောင်းပါး » လူထုရေးရာ

Category Archives: လူထုရေးရာ

ဇွဲကပင်မြေမှသည် သောင်ရင်းကို ကျော်၍ – ဒေါက်တာမြင့်သိန်း(ရန်ကုန်တက္ကသိုလ်)

မည်သည့် ဘာသာမဆို ငြိမ်းချမ်းရေးအတွက် သွန်သင်ခြင်းဖြစ်ရာ ငြိမ်းချမ်းစွာလည်း အတူတကွယှဉ်တွဲ နေထိုင်နိုင်ကြမှသာ ခိုင်မာသော နိုင်ငံတစ်ခုဖြစ်မည်ကို လူတိုင်းနားလည်ထားရမည်။ တစ်ဖက်သတ် ရိုးသား နေရုံ၊ နားလည်လက်ခံရုံဖြင့် မပြီးသည်ကိုလည်း သတိပြု ရမည်။ စနစ်တကျ ရည်ရွယ်ချက်ရှိရှိဖြင့် မရိုးသားသည့် လုပ်ရပ်များ လုပ်ဆောင်ခြင်းများ ရှိလာလျှင်တော့ ကိုယ်ကလည်း စနစ်တကျ အစီအမံထားရန်လိုအပ်မည် ..

 

ယခင်တစ်ပတ်အဆက်

ထုံးအိုင်၊ စမ္ပာနဂိုရ်နှင့် နှုတ်ဆက် ဇွဲကပင်မြေ

စမ္ပာနဂိုရ်မြို့ဟောင်းသည် ဘားအံအရှေ့ဘက်ခြမ်း ထုံးအိုင်စံပြရွာ၏ တစ်ဖက်ကမ်းတွင် တည်ရှိသည်ဟုဆို သည်။ ကျွန်တော်က ဗန်းမော်တွင်ရှိသည့် စမ္ပာနဂိုရ်မြို့ ဟောင်းကို သွားရောက်လေ့လာခဲ့ဖူး သဖြင့် အောက် ပြည် အောက်ရွာတွင်လည်း စမ္ပာနဂိုရ်မြို့ဟောင်းရှိသည်ဆိုသည့် အခါ လေ့လာလို စိတ်များ ပေါ်ပေါက်လာ သည်မှာ အတော်ကြာပြီဖြစ်သည်။ စမ္ပာနဂိုရ်ဟူသည့် အမည်နှင့် သမိုင်းကြောင်းသည် ရှမ်းတို့နှင့် သက်ဆိုင် နေသော်လည်း မည်သည့် အတွက်ကြောင့် ဤနေရာဤဒေသ တွင်ရှိနေခဲ့သနည်းဆိုသည်မှာ ထူးခြားမှု တစ်ခု ပင်။ ထို့ကြောင့် နံနက်စောစောထ ကာ အထုပ်အပိုးများပြင်ပြီး ရန်ကုန်မထွက် မီထုံးအိုင်ရွာသို့ ခရီးနှင်ခဲ့ကြ သည်။ ထုံးအိုင် ရွာသည် စံပြရွာဖြစ်ပြီး တိုက်နယ်ရွာကြီးမျိုး ဖြစ်ပေသည်။ အိမ်ခြေပေါင်း ၁၈၀၀ကျော် ရှိပြီး လူဦးရေက တစ်သောင်းကျော်သည်ဟု ဆိုသည်။

ထုံးအိုင်ရွာက မွန်လူမျိုးများ နေထိုင်သည့် ရွာဖြစ်ပြီး နယ်ပယ်အားဖြင့် ကရင် ပြည်နယ်ထဲ ရောက်နေခြင်း ဖြစ် သည်။ အိမ်ကြီးအိမ်ကောင်းများကလည်း အလွန်ပေါများသဖြင့်အတော်ပင် အံ့အားသင့်စေခဲ့သည်။ ထို့ကြောင့် ထုံးအိုင်ရွာထဲတွင် ဆွေမျိုးရှိသည့် ကားဆရာကသူ့ညီထံ ခေါ်သွားခဲ့သည်။ သူ့ကို မေးမြန်းကြည့်သည့်အခါ မွန်လူမျိုးများ နေထိုင်သည့်ရွာဖြစ်ပြီးကရင် တိုင်းရင်းသားများလည်းရှိသည် ဟုဆိုသည်။ ဘုန်းကြီးကျောင်း ၉ ကျောင်းရှိပြီး အထက်တန်းကျောင်း တစ်ကျောင်းရှိသည် ဟုဆိုသည်။ အထက်တန်းကျောင်းမှာ ကရင်ပြည်နယ် ထဲတွင် အစောဆုံးရသည့် ကျောင်းတစ်ကျောင်း ဖြစ်သည်ဟုလည်း သိရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဦးနုက ရွေးကောက်ပွဲမဲ လာဆွယ်သည့်အခါ သူအနိုင်ရလျှင် အထက်တန်းကျောင်းဆောက် ပေးမည်ဟု ကတိပေးခဲ့ သဖြင့် ရွေးကောက် ပွဲတွင် သူ့ပါတီအနိုင်ရသည့်အခါ အထက် တန်းကျောင်းပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဦးနုအနေဖြင့် ထုံးအိုင်ရွာသို့နှစ်ကြိမ် လာရောက်ခဲ့ပြီး ဒုတိယအကြိမ်မှာ ဒီငြိမ်း ပါတီထောင်ကာ မဲဆွယ်စဉ်က လာရောက် ခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။ နိုင်ငံရေး အတွက်အပေးအယူလုပ်မှုများသည် တစ်ချိန်ကပင် အသွင် အမျိုးမျိုးဖြင့် အသုံးပြုခဲ့သည့် သာဓကကို တွေ့ရပေသည်။ တစ်ခါတစ်ရံ သမိုင်းသည် မထင်မှတ်သည့်နေရာ၌ အရေးပါနေသည်များလည်းရှိတတ်ခြင်းပင်။… (more…)

စနစ်ဆိုး၏ သားကောင် သို့မဟုတ် KTV အလုပ်သမများ – သတင်းအဖွဲ့

တချို့ဆိုင်တွေဆိုရင် ဌာနဆိုင်ရာ အကြီးအကဲတွေကိုယ်တိုင် ဒါမှမဟုတ် စပ်တူဖွင့်ထားတာတွေ ရှိတယ်။ ကျွန်တော် လုပ်ခဲ့ တုန်းကဆိုရင် သက်ဆိုင်ရာဌာနတိုင်းက လိုင်းကြေး ကောက်တယ်။ သူတို့လာရင်လည်း FOC ဆိုပြီး အလကားပေးရတယ် . . . ရတာမှ တစ်ဆက်ရှင်(၅၀၀)၊ မူးတဲ့လူက ရစ်တာနဲ့၊ တစ်ခါတလေ လက်က ပါသေး၊ ဆိုင်ရှင်က အိပ်ရေးပျက်လို့ဆိုပြီး ဆေးပေးတယ်၊ (၃)လုံး (၅၀၀) ပေးရတယ်၊ ဘာဆေးလဲတော့ မသိဘူး၊ မအိပ်ချင်ဘူးလို့တော့ ပြောတာပဲ . . .

တရုတ်နိုင်ငံရှိ KTV တစ်ခုတွင် ဧည့်သည်စောင့်နေသည့် အမျိုးသမီးဝန်ထမ်းများ

အာဏာရှင်စနစ်ဆိုးအောက်တွင် နှစ်ပေါင်း(၅၀)နီးပါး ဖိနှိပ်ခံခဲ့ရသည့် မြန်မာနိုင်ငံတွင် နိုင်ငံသားတို့၏ အထွေ ထွေ ရပိုင်ခွင့်များကြီးမားစွာ ဆုံးရှုံးခဲ့ရပြီး ဆင်းရဲကျပ် တည်းမှုများသာ တစ်နှစ်ထက်တစ် နှစ်ထက် ပိုမိုခံစား လာခဲ့ရသည်။ မြန်မာနိုင်ငံသားများ ဆင်းရဲကျပ် တည်းမှုများ ကြုံတွေ့ခဲ့ရသော်လည်း စစ်အာဏာရှင် အစိုးရ အဖွဲ့ဝင်ပုဂ်္ဂိုလ်များနှင့် ၎င်းတို့နှင့် နီးစပ်ပတ်သက်သည့် အသိုင်းအ၀ိုင်းမှ ပုဂ်္ဂိုလ်များကမူ အထူးအခွင့်အရေးများ၊ အထူးခံစားခွင့်များ၊ အထူးလုပ်ပိုင် ခွင့်များဖြင့် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများအပေါ် ကုပ်သွေးစုပ်ခွင့်ရခဲ့ကြ ပြီး အခွင့်ထူးခံ လူတန်းစားတစ်ရပ် အဖြစ် တိုင်းသိပြည်သိ သူဌေးများ ဖြစ်ခဲ့ကြသည်။ ထိုအခွင့်ထူးခံ လူ တန်းစားများ၏ ကုပ်သွေးစုပ်ခွင့်များ အောက်တွင် မြန်မာနိုင်ငံသားများ အလူးအလဲခံစားခဲ့ကြရပြီး လူလူချင်း အသိအမှတ်ပြုမခံရမှု၊ လူလူချင်း ဖျော်ဖြေခံဘ၀များဖြင့် ဖြတ်သန်းခဲ့ရသည့် ဘ၀များစွာပင် မရေမတွက် နိုင်အောင်ရှိခဲ့သည်။ ထိုမရေမတွက်နိုင်သော ဘ၀များစွာတွင် မြန်မာ အမျိုးသမီးငယ်တို့၏ ဘ၀များက အခွင့်ထူးခံ လူတန်းစားတို့၏ အဖြည့်ဆည်းခံများအဖြစ် ပေးဆပ်ရင်း ဘ၀ဆုံးခဲ့ရသည့် အဖြစ်များကလည်း မနည်းမနောပင် ရှိခဲ့သည်။… (more…)

မြ၀တီမှ ပြန်လာခဲ့တယ် ပြန်ခဲ့တယ် – အဲခိုး

မြ၀တီမြို့ထဲ ကြိုရောက်တော့ တစ်မြိုလုံးကို လိုက်ပတ်ကြည့်ပါတယ်။ ဈေးဆိုင်များ၊ လူလည်းများမို့ လူတွေရဲ့ နေပုံထိုင်ပုံ ၀တ်စားဆင်ယင်ပုံတွေဟာ စိတ်ပျက်စရာပါပဲ။ အရှင်တို့မြန်မာလူမျိုးတွေဟာ အခုလိုပဲ နေထိုင် စား သောက်သွားလာ နေမယ်ဆိုရင်တော့ မကြာပါ။ အရှင်တို့ မြန်မာတွေ ပျက်စီးမှုအမျိုးမျိုး ဖြစ်ကြတော့မယ်။ လူငယ် လူရွယ်လေးတွေဟာ ပညာရေးဦးစားမပေးကြဘဲ စိတ်လွတ်လပ်ရေးကို ဦးစားပေးနေထိုင်တာကြောင့် ဣနြေ္ဒမဲ့တဲ့ အပြုအမူတွေ အမျိုးမျိုး တွေ့ရတယ်။ မြို့လယ်ကောင်မှာ ပြုမူနေထိုင်ကြတဲ့ပုံတွေက ခေတ်စကားနဲ့ ပြောရရင် သိပ်မိုက်တဲ့ပုံတွေပါပဲ။ စရိုက်ဆန်းတွေ ထွင်နေတာလား မပြောတတ်ပါ . . .

စကားချီး။     ။ မပြောမသိ ပြောမှ သိမည့် ခရီးတစ်ခုအကြောင်းကို ပြောပါရစေလား ပြည်သူတို့ရဲ့ . . .။

နိဒါန်း

သယံဇာတ အရင်းအမြစ်ပျက်စီးရင် အရင်းအမြစ် (သက်ရှိ၊ သက်မဲ့) ဆုံးရှုံးတာပါပဲ။ ဒီဆုံးရှုံးမှုဟာ တစ်နေ့ မြန်မာတွေ ခံစားကြရလိမ့်မယ်။

တောင်ကလေးဆရာတော်

လမ်းဆုံ ရုပ်စုံများ

ဒီနေ့မရောက်တာ ကြာပြီဖြစ်တဲ့ မြ၀တီမြို့ကို ခရီးဆက်ပါတယ်။ ဘားအံမှ ကော့ကရိတ်မြို့သို့ သွားတဲ့လမ်း အတိုင်း လမ်းရဲ့ဝဲယာနှစ်ဖက်ကို ကြည့်နေရင်းနဲ့ မြင်ကွင်းတွေက စုံလင်စွာပါပဲ။ ဘားအံမြို့ မထွက်ခင်လေးမှာပဲ ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်လမ်း အ၀ိုင်းဆုံရာကို ရောက်တဲ့အခါ မြ၀တီသွားမည့် ခရီးသယ်တင် ကားတွေ က အလုအယက်လူတွေကို ခေါ်ပြီး လိုက်တင်နေတာတွေ့ရတယ်။ ပျိုပျိုအိုအို အမျိုးသမီးတွေက မဖွယ်မရာတဲ့ အမူအရာ စုံလင်စွာနဲ့ တွေ့ရတယ်။ ကြည့်ရ အဆိုးဆုံးမြင်ကွင်းက ကြီးကြီးငယ်ငယ် အရွယ်စုံစေ့ လောက် အောင် ဆံပင်ကို အရောင်အမျိုးမျိုးနဲ့ ဆိုးထားမှုကြောင့် ပါပဲ။ ဘောင်းဘီတိုရှည်၊ စကတ်၊ ဂါဝန်စုံလင်စွာ ၀တ်စား ဆင်ယဉ်နေတာကြောင့် ဒီမြင်ကွင်းဟာ ဘယ်လိုပြုပြင်လို့ ရပါတော့မလဲ ဆိုတာကို စဉ်းစားနေမိပါတယ်။ စည်းကမ်းမဲ့စွာ မောင်းနှင်တဲ့ကားနဲ့ မော်တော်ဆိုင်ကယ်တွေ ကတော့ အသံတွေ ဆူဆူညံညံ ပေးကြလို့ ခရီးသွားတဲ့ လမ်းဆုံရဲ့ရုပ်ပုံဟာ ရုပ်စုံစုံလင်လင်မြင်နေရလို့ စိတ်ပျက်မိတာ အမှန်ပါပဲ။

ဈေးများများ လူများများ စကားများများ

ရှုပ်ထွေးလှတဲ့ ခရီးသည်ကြားထဲက ငွေကောက်တဲ့လူတွေ မြင်ရသေးတယ်။ အပေးအယူ မျှနေတာလား မပြော နိုင်ပါ။ ကားကို ပေးမသွားဘဲလည်း ရှိနေတယ်။ ခရီးသည်တိုင်းရဲ့ မျက်နှာလေးတွေကို ကြည့်လိုက်ရင်ပဲ အပူ လောင်တဲ့မျက်နှာ၊ အပူဒဏ်ထိတဲ့ အသားတွေကြောင့် ရုပ်အဆင်းတွေ မလှမပဘဲဖြစ်နေတယ်။ ရုပ်ခန္ဓာညှိုးလို့ နာမ်(စိတ်) ခန္ဓာလည်း မလန်းကြပါဘူး။ အခြေခံလူ့အရင်းအမြစ်ဖြစ်တဲ့ အတတ် ပညာရပ်အားနည်း နေကြတာ ကြောင့် ပြုမူပုံအမူအရာတွေဟာ ရုတ်တရက်ကြည့်လိုက်ရင် ကြမ်းတမ်းနေတာကို တွေ့ရတယ်။ တကယ်တော့ အရှင်တို့ရဲ့လူမျိုးဟာ ယဉ်ကျေးကြသူတွေပါပဲ။ လမ်းဘေး အ၀ိုင်းပတ်ချာလည်ကို ကြည့်လိုက်ရင် ဈေးရောင်း ကောင်းလို့ ဈေးဆိုင်တည်တာလား၊ အဆင်မပြေလို့ ဈေးရောင်းနေတာလား မပြောနိုင်ပါ။ ဈေးများများ လူများ များ စကားများများပါပဲ။… (more…)

ဇွဲကပင်မြေမှသည် သောင်ရင်းကို ကျော်၍ – ဒေါက်တာမြင့်သိန်း (ရန်ကုန်တက္ကသိုလ်)

ပိုင်ရှင်များသည် တစ်ချိန်တုန်းက ငြိမ်းချမ်းရေးရယူခဲ့ကြသူတို့ ပိုင်ဆိုင်ထားကာ စီးပွားရေးလုပ်ကိုင် နေကြခြင်း ဖြစ်သည်ဟု ဆိုသည်။ ငြိမ်းချမ်းရေး အသီးအပွင့်ကို သူတို့လည်း ခံစားတတ်လာပြီလောဟု စဉ်းစားမိသည် . . .

ယခင်တစ်ပတ်အဆက်

မဲဆောက်ဈေး

မဲဆောက်ဈေးဆိုသည်မှာ မြ၀တီကုန်သည်များ၊ မြန်မာနိုင်ငံများကုန်သည်များ အတွက်အရေးပါသည့် ဈေးကြီး တစ်ခုဖြစ်ပေသည်။ သည့်ထက်ပို၍ လုပ်ငန်းကြီး ကြီးလုပ်သည့် ရန်ကုန်ဒိုင်အချို့ကသာ ဗန်ကောက်သို့ တိုက်ရိုက် ဆက်သွယ်မှာယူကြခြင်း ဖြစ်သည်။ သို့သော် မဲဆောက်ဒိုင်များနှင့် အရင်ချိတ်ဆက်ကြရသည် လည်းရှိပေသည်။ လက်လီရော၊ လက်ကားပါ ရောင်းချရာဈေးကြီး ဖြစ်သဖြင့် စည်ကားလှသည်။ အထည်တန်း တွင် မြန်မာဘက်မှ အများဆုံး လာရောက်ဝယ်ယူနေကြသည် ကိုတွေ့ရသည်။ ကြီးမားသည့်ပါတိတ် ဆိုင်များတွင် မြန်မာအမည်များဖြင့် ဆိုင်ဖွင့်ထားသည် ကို တွေ့ရ သည်။ မြင်ရ သည့် ဈေးတန်းများက သိပ်တော့ မထူး ဆန်းချေ။ ဈေးသက်သာမှုတော့ အတိုင်းအတာတစ်ခု အထိ ရှိသည်ဟုဆိုရမည်ဖြစ်သည်။ ၁၀ ထည်ဈေးဖြင့် ၀ယ်ယူကြခြင်းက ပို၍သက်သာသည်ဟုဆိုသည်။

ကျွန်တော်တို့က စတိုးများတွင် သွားရောက်ကာ လေ့လာကြသည်။ ကြိုက်သည့် ပစ္စည်းလည်း ဈေးမဆစ်ဘဲ ၀ယ်နိုင်ပေသည်။ ရွှေဆိုင်တန်းများကလည်း အများအပြားပင်။ ကျောက်အရောင်းအ၀ယ်က နိုင်ငံခြားသားများ နှင့် အဝေးမှလာသည့် ထိုင်းတို့အတွက် အကြိုက်တွေ့စရာဖြစ်သည်။ ငါးအရှင်၊ ငါးရှဉ့်အရှင်စသည့် အရှင် တန်းကလည်း ဖြတ်ရသေးသည်။ သို့သော် သူတို့ဈေးက မညစ်ပတ်။သန့်သန့်ရှင်းရှင်း ၀င်ရထွက်ရသဖြင့် စိတ်သန့်စရာပင်။ မည်သည့်နေရာမဆို မြန်မာစကားသံ ကြားနေရသည်။ မြန်မာများသည့် နေရာတွင် ဈေး ၀ယ်၍မကောင်းလှ။ ကိုယ့်အချင်းချင်းမို့ ပိုလှီးချင်သည့်စိတ်က ရှိနေပြီးသားလားတော့ မပြောတတ်ချေ။ ကျွန်တော် ဗန်ကောက် သွားစဉ်က မြန်မာအရောင်းစာရေး ထားသည့်ဆိုင်တွင် ကိုယ့်လူမျိုးအချင်းချင်း ဟူသည့် အမြင်ဖြင့် အားပေးမိခဲ့ခြင်းကြောင့် ဘ၀င်မကျစရာ ကြုံခဲ့ရဖူးသဖြင့် မယုံတော့ချေ။… (more…)

ဇွဲကပင်မြေမှသည် သောင်ရင်းကို ကျော်၍ – ဒေါက်တာမြင့်သိန်း (ရန်ကုန်တက္ကသိုလ်)

ကျွန်တော်တို့ နိုင်ငံမှာကဲ့သို့ လူမြင်ကွင်း သူမြင်ကွင်းမရှောင် အနိဋ္ဌာရုံစုံတွဲ မြင်ကွင်းများလည်း ဤပန်းခြံတွင် မတွေ့ရခြင်းပင် သူတို့မှာက ညဘက်ကပွဲများက စိတ်ကြိုက်ရှိကြပေသည် …

ယခင်တစ်ပတ်အဆက်

ကျောင်းအတွင်းအပေါ်ထပ်ရှိ တိုင်များကို ရွှေချထားသဖြင့် ရွှေကျောင်းဟု အမည်ရပုံပေါ်သည်။ ရွှေကျောင်းဆိုသည်မှာ မြန်မာတွေ အမည်မှည့် ထားသည့် ကျောင်း အမည်လည်း ဖြစ်နိုင်ပေသည်။အပေါ်ထပ်ဘုရားခန်းသို့ အနီးကပ်ပူဇော်ရာတွင် တစ်ဆင့်တက်ပူဇော်ရ သည့် မြင့်မြတ်နေရာ သဘောမျိုး ထားရှိထားပေသည်။ ထိုသို့ အပေါ်ဆင့်ပေါ်သို့တက်သည့် ဘေးတွင် ဆိုင်းဘုတ်တစ်ခုရှိသဖြင့် ဖတ် ကြည့်လိုက်ရာ အမျိုးသမီးများ မတက်ရ ဟု မြန်မာလိုနှင့် အင်္ဂလိပ်လိုရေးသား သတိပေးထားသည်ကို တွေ့ရသည်။ သူတို့ လူမျိုးအချင်းချင်းက ထိုကဲ့ သို့ အဆင့်တစ် ဆင့်မြှင့်ကာ ဘုရားခန်းထား လိုက်သည်နှင့် အမျိုးသမီးများ မတက်ရဟု သိထားပြီး ဖြစ်ပုံရ သည်။ သို့ကြောင့် မြန်မာတွေလာသည့်အခါ ဟိုတက်သည် တက်လုပ်ကြသဖြင့် သတိပေးဆိုင်း ဘုတ်ထောင် ထားရပုံပေါ်သည်။ အလွန်သပ္ပာယ်လှသည့် ဘုရား တစ်ဆူဖြစ်သည်။ တိတ်ဆိတ်ငြိမ်သက်လှ သည့် ဤနေရာ သည် တရားကျင့်ကြံအား ထုတ်ရန် အလွန် ပင်ကောင်းလှပေသည်။ ပတ်ဝန်းကျင် သည်လည်းကျေးငှက် သံမှ လွဲ၍ ဘာမျှမကြားရချေ။ ဘေးတွင်ရေကန် လေးရှိခြင်း ကလည်း စိတ်ကိုကြည်နူးစေပေ သည်။ သို့သော် ကျွန်တော်တို့အတွက် သဘာဝတရားကို ကြာကြာခံစားနေ၍ မရနိုင်။ နံနက်၆နာရီမှ ညနေ၆နာရီ အထိသာ ခွင့်ပြုထားခြင်းကြောင့် နောက် တစ်နေရာ သွားရန် ခြေလှမ်းပြင်ရပြန်သည်။… (more…)

ဇွဲကပင်မြေမှသည် သောင်ရင်းကို ကျော်၍ – ဒေါက်တာမြင့်သိန်း (ရန်ကုန်တက္ကသိုလ်)

မြ၀တီသို့လာရောက်သည့် ထိုင်းလူမျိုးများပင်လျှင် သူတို့နိုင်ငံမှထုတ်သည့် ထိုအချိုရည်ဘူးများကို သောက် သုံးခြင်း မရှိကြချေ။ သို့ဆိုလျှင် အချိုရည်ဘူးများသည် အန္တရာယ်ရှိမှန်း သိသာစေပေသည် …

ကျောက်ဂူမှာ အ၀ကျယ်ပြီး အတွင်းပိတ် ဖြစ်သည်။ အတွင်းအထိ ၀င်သွား၍ မရဘဲ အ၀င်ဝမှာပင် ဆုံးနေပြီဖြစ် သည့် ဂူမျိုးဖြစ်သည်။ မြန်မာနိုင်ငံ ဘားအံဝန်းကျင် ဂူများကဲ့သို့ အတွင်းထဲအထိ ကျယ်ဝန်းသည့် ဂူမဟုတ်ချေ။ ဘုရားအနည်းငယ် ထုလုပ်ကိုးကွယ်ထားသည်ကို တွေ့ရသည်။ ရဟန်းတို့ တရားကျင့်ရာနေရာအဖြစ် အသုံးပြု ပုံရသည်။ ထိုဂူအ၀တွင် သစ်သား ဖြင့်ထုလုပ် ထားသည့်လက်ရာမြောက် ပန်းပုရုပ်ပုံတစ် ခုတွေ့ရသဖြင့် သွား ရောက် ဓာတ်ပုံရိုက် ကြသည်။ ပန်းပုကို မှန်ပေါင်သွင်းထားပြီး အသေးစိတ်ထုလုပ်ထား သည့်လက်ရာဖြစ် သည်။ အသေအချာ လေ့လာသည့်အခါ မြန်မာဘုရင်နှင့် ယိုးဒယားဘုရင်တို့ ဆင်စီး ချင်းထိုးနေသည့် ပုံဖြစ် သည်။ ထုံးစံအတိုင်း မြန်မာတွေ အတုံးအရုံး ကျဆုံးနေသည့် ပန်းပုပုံဖြစ်ပေသည်။ ထိုသို့ ရင်တွင်းအခံက အကင်း မသေအောင် လုပ်ထားသည့် မျိုးချစ်စိတ်မှာ မြန်မာတို့အပေါ်တွင် ညစ်ချင်သည့်စိတ်ထားဖြင့် စီးပွားရေးတွင် လုပ်ဆောင်ကြသည်များ ရှိလေသလောဟု သံသယရှိမိပြန်သည်။… (more…)

ဖာပွန်ကနေ ပြန်လာခဲ့တယ် ပြန်ခဲ့တယ် – အဲခိုး

ဒေသပထ၀ီအရ ဖာပွန်မြို့ဟာသယံဇာတမြေပေါ် မြေအောက် ပေါကြွယ်တဲ့နေရာပါပဲ။ ဘားအံ(ဖားအံ)နဲ့ ဖာပွန်၊ မြစ်ချောင်းဘေး ကပ် ရောက်တည်တဲ့ မြို့နှစ်မြို့ဟာ ဖာပွန်ဟာပိုစိတ်ဝင်စားစရာ ကောင်းပါတယ်။ အကယ်၍ ဖာပွန်မြို့ကို ကရင်ပြည်နယ်ရဲ့ စက်မှုမြို့တော်အဖြစ် သတ်မှတ်ရင် အနာဂတ် အလားအလာ ကောင်းပါတယ် ...

ယခင်အပတ်မှအဆက်-

တွေ့မြင်နိုင်ပါတယ်

အဲးခိုး (တောမှီရဟန်း)ခရီးသွားနေပြီ။ ၀ါးပိုးတောရွာအ၀င် အစကိုရောက်တဲ့အခါ တစ်ရွာလုံးနီးပါး ကြီးပွား အောင်မြင် တိုးတက်လာတာကို တွေ့ရတယ်။ ရပ်ရွာ တည်ငြိမ်တော့ ပြည်သူတွေလည်း အေး အေးချမ်းချမ်း နေထိုင်ကြတာကို မြင်ရတယ်။သူ့အိမ်နဲ့၊ သူ့ခြံနဲ့နေကြတဲ့ တိုင်းရင်း သားတွေဟာ မျက်နှာလေးကိုကြည့်လိုက် ရင်ပဲယဉ်လို့လှလို့ ချောလှသမို့ပါပဲ။ ဒီ အရပ်ဒေသကိုရောက်ရင် ကြည့်ချင်စရာ၊ လေ့လာစရာတွေ နေရာရှိ တယ်။

၁။ ပေါ်တော်မူသာသနာနယ်မြေနေရာ

၂။ရှေးဟောင်းဓာတ်ကျိုက်လိုဏ်ဂူတော်

၃။ ရှေးဟောင်း စကောကရင်ဘာသာရပ်

စာပေကို မူလအစတည်ထွင်ပြုစု ရေးသား တော်မူသော တလည ဆရာတော် နေရာ သုံးခုဟာ ထင်ရှားတဲ့နေရာပါပဲ။ နံပါတ် ၂ နေရာဖြစ်တဲ့ ဓာတ်ကျိုက်လိုဏ် ဂူကတော့ ရှေးဟောင်းယဉ်ကျေးမှုသမိုင်းပညာရှင်တွေ သွားသင့်တဲ့နေရာပါပဲ။ ရှေးဟောင်းနဲ့ပတ် သက်တဲ့(က) လက်ရေး စင်းအုတ် (ခ) ဂ၀ံ ကျောက်စေတီ (ဂ) ရှေးဆင်းတုလက်ရာ တွေမြင်နိုင်တယ်။ ဒုံသမိချောင်းဘေးမှာ ရှိတာ ကြောင့် ချောင်းအနီးမှာရှိတဲ့ လိုဏ်ဂူ ဟာ တောင်နံရံပေါ်က နေကြည့်လိုက်ရင်ပဲ သာသာယာယာပါပဲ။ ရောက်ဖူးလေ့ရှိ အောင်သွားကြဖို့ တိုက်တွန်းတယ်။… (more…)

ဇွဲကပင်မြေမှသည် သောင်ရင်းကို ကျော်၍ – ဒေါက်တာမြင့်သိန်း (ရန်ကုန်တက္ကသိုလ်)

မည်သည့်နတ်ပင်ဖြစ်စေ ကိုယ့်နိုင်ငံသားက ဟိုမှာသွားပြီး ကြီးပွားကာ အကိုးကွယ်ခံနေရခြင်းကပင်လျှင် မဆိုးလှ သေးဟု ကြံဖန်ကာ မျိုးချစ်စိတ်ဖြင့် ဂုဏ်ယူဝင့်ကြွားလိုက် မိသေးသည် . . .

ယခင်တစ်ပတ်အဆက်

သို့သော်အထောက်အထားကို ရေးမှတ် မထားမိသဖြင့် ယခုကဲ့သို့ကိုယ်ကိုယ်တိုင် ရောက်သည့်အခါတွင် ပြန်လည်ကိုးကားရန် ခက်ခဲသွားတော့သည်။ ဖ၀န်နတ်နှင့် ပတ်သက်၍ ထူးခြားချက်များတော့ ရှိပေသည်။ တစ်ချက်မှာ နတ်ရုပ်၏ ၀တ်စားဆင်ယင်မှုမှာ မြန်မာစစ်သူကြီး သို့မဟုတ် မင်းညီမင်းသားတို့၏ ၀တ်စားမှုနှင့်ဆင်တူနေသည်။အခြား တစ်ချက် မှာ နတ်ကွန်း ပတ်ဝန်းကျင်တွင် ကြက်ဖရုပ်များ အများအပြားလှူထားသည်ကို တွေ့ရသည်။ အ၀င်ဝတွင် ဆင်ရုပ်နှစ်ရုပ်ရှိပြီး ထိုဆင်ရုပ်ဘေးပတ်လည် တွင်ကြက်ဖရုပ်များမှာအများအပြားပင် လှူထားကြသည် ကိုတွေ့ရသည်။ ဈေးဆိုင် တန်းတွင် မြေမီး ဖုတ်ဆင်များ၊ ကြက်ဖရုပ်ဆိုက်စုံ၊ အရောင်စုံ၊ လက်ရာစုံကို ရောင်းချနေပေသည်။ ၀ယ်သူတို့ က၀ယ်ကာ ဖ၀န်နတ်ကို လှူ ကြသည်။ ပြီးလျှင် လိုရာဆုကိုတောင်းကြ သည်။ လှူထားသည့် ကြက်ဖရုပ် များအား ဖ၀န်နတ်ကွန်း ၀န်းကျင်တွင်ချထားသည် ကို တွေ့ရသည်မှာ အများအပြားပင်။ ကြက်ဖရုပ် လှူဒါန်း ခြင်းသည် ထိုင်းတို့၏ လက်တွေ့အယူအဆက မည်သို့ရှိသည်ကို မသိသော်လည်း မြန်မာစစ်သည်အရာရှိ များကြက်တိုက် ၀ါသနာပါမှုနှင့် ဆက်နွှယ်နေမည်လားဟု စဉ်းစားမိပြန်သည်။ စစ်သူကြီးက နတ်ဖြစ် လာခြင်း ကြောင့် သေနတ် သံနှစ်သက်သည်ဟူသော အယူအဆအရ ဗြောက်အိုးဖောက်ကာ အသံပေးပူဇော်ခြင်း မှာ လည်း ထူးလှပေသည်။ ကျွန်တော် တရုတ်-မြန်မာနယ်ခြားသို့ သွားရောက် စဉ်ကညောင်ရမ်းခေတ်တွင် မြန်မာ တပ်နှင့် တိုက်ခိုက်ခဲ့သည့် တရုတ်စစ်သူကြီးကို နတ်အဖြစ်ကိုးကွယ် သည့် နေရာကို ရောက်ခဲ့ဖူးသည်။ ထိုနေ ရာတွင် လာရောက် ကန်တော့ ကြသည့် တရုတ်တိုင်းက ဗြောက်အိုးများ အကြီးအကျယ်ဖောက်ကာ ကန်တော့ ကြ သည်ကို တွေ့ခဲ့ဖူးသဖြင့် ဖ၀န်နတ်ကိုလည်း ထိုသဘောမျိုးကိုးကွယ်သည်ကို သိရှိနိုင် ပေသည်။ မည်သည့် နတ်ပင်ဖြစ်စေ ကိုယ့်နိုင်ငံသားက ဟိုမှာသွားပြီး ကြီးပွားကာ အကိုးကွယ် ခံနေရခြင်းကပင်လျှင် မဆိုးလှသေးဟု ကြံဖန်ကာ မျိုးချစ်စိတ်ဖြင့် ဂုဏ်ယူဝင့်ကြွားလိုက် မိသေးသည်။… (more…)

ဖာပွန်ကနေ ပြန်လာခဲ့တယ် ပြန်ခဲ့တယ် – အဲခိုး

အစိုးရဆီက ငှားယူထားတဲ့ ညကလပ်သီချင်းဆိုပွဲဆိုင် အဲဒီနားလေးမှာတော့ အစိုးရအဖွဲ့အစည်း အကြီး အကဲဖြစ်တဲ့ အရှုပ်ကြီးသမားတစ်ဦးနဲ့ပေါင်းစားပြီးလုံးချင်း ဟိုတယ်တွေ တည်ဆောက်နေ … အတော်လေးကို အကျင့်စာရိတ္တ ပျက်ယွင်း… ဒီ အဖြစ်ကိုသိတဲ့ အစိုးရတွေက ညှိကြေးလေးနဲ့အေးဆေး အရင်က တစ်ရွာလုံး အရက်၊ ဘီယာမျိုးစုံစွာ ရှောင်ကြဉ်တဲ့ ရွာအေးအေးလေး၊ ခုတော့တစ်ရွာလုံး အရက်ကျေးကျွန်၊ ဘီယာ ကျေးကျွန်၊ မြင်းဆေးဘေးကျွန်တွေ ရောက်ကြပြီလေ …

ခရီးစတင်ခြင်း

နံနက်မိုးလင်းလာလို့ ဆွမ်းကိစ်္စပြီးတဲ့ အခါခရီးတစ်ခုသွားဖို့ပြင်ဆင်နေတဲ့ အချိန် လေးမှာပဲ ရပ်ဝေးက ဧည့်သည် တစ်စုက ရောက်လာလို့ အချိန်ပေး စကား ပြောရပါ သေးတယ်။ စကားကလည်း ကောင်းကြလို့ ခရီးက ခုချိန်ထိ အောင် မစရသေးပါ။ကျောင်း ရှေ့ကမော်တော်ယာဉ်ကားကတော့ အရန် သင့်ပြင်ဆင် ထားပြီးလို့ စောင့်နေလေ ရဲ့။ ““ကိုင်း ဒါယကာတို့ ခရီးတစ်ခုသွားမလို့ပါ။ နောက်မှပဲ ကိစ္စကို ဆိုကြ ပြောကြတာပေါ့””လို့ဆိုပြီး မပြီးဆုံး သေးတဲ့ လောကီရေးရာ အလုပ်လေးတစ်ခုကို အပြီးသတ်အဆုံးရပ် ထား လိုက်ပါတယ်။ ဘုရားကို အာရုံပြုပြီး မိဘဆရာသမားများ ဂုဏ်ကျေးဇူးကို ဦး ထိပ်တော်တင်ထား ကာ မော်တော်ယာဉ် ပေါ်တက်ပြီး ခရီးစတင် ပါတယ်။… (more…)

ဇွဲကပင်မြေမှသည် သောင်ရင်းကို ကျော်၍ – ဒေါက်တာမြင့်သိန်း (ရန်ကုန်တက္ကသိုလ်)

““ဒီမှာက လမ်းပြင်တယ်ဆိုတာ ရှိနေတဲ့ ကတ္တရာလမ်းကို ကတ္တရာထပ်ဖို့တာ မဟုတ်ဘူး ဆရာရဲ့၊ ကတ္တရာက သက်တမ်းရှိတယ်၊ သက်တမ်းကုန်တယ်ဆိုတာနဲ့ အကုန်လုံး စက်နဲ့ထိုးခွာ လိုက်တာပဲ။ ပြီးမှအသစ်ပြန် ခင်း တာ””

ယခင်တစ်ပတ်အဆက်

သူတို့ဘက်က တိုင်းရင်းသားများဟုဆိုသည်မှာလည်း တစ်ချိန်က မြန်မာနိုင်ငံထဲတွင် နေထိုင်ကြရင်းမှ အခြေ အနေကောင်းရာသို့ ရွှေ့ပြောင်း ၀င်ရောက်သွား ကြသည့်လားဟူ၊ လီဆူ၊ ကရင်တိုင်းရင်း သားများနှင့် မှုန်တိုင်း ရင်းသားတို့ ဖြစ်သည်ကို တွေ့ရသည်။ နယ်ခြားမြို့ဖြစ်ခြင်း ကြောင့်လည်း မြန်မာနိုင်ငံဘက်မှ ၀င်ရောက်လာ သည့် ကျောက်အရောင်းအ၀ယ်၊ သစ်အရောင်းအ၀ယ်များဖြင့်ထင်ရှားသည်။ အပ်မှအစကား အထိမြန်မာနိုင်ငံ သို့ တရား ၀င်ရော၊ တရားမ၀င်ပါ တင်သွင်းရောင်းချ ခြင်းဖြင့် စီးပွားဖြစ် နေပေသည်။ အမှတ် (၁)အာရှလမ်း မကြီးပေါ်တွင်တည်ရှိသဖြင့် နောင်တွင် ပို၍ပင် အဆင်ပြေလာဦးမည် ဖြစ်သည်။ မဲဆောက်မှတစ်ဆင့်ဆိုခိုတိုင်း (မြန်မာ ရာဇ၀င်အခေါ် သောက္ကတဲ)သို့ အလွယ် တကူသွားရောက်နိုင်သကဲ့သို့ ချင်းမိုင် (မြန်မာအခေါ် ဇင်းမယ်)သို့လည်း အလွယ် တကူသွားနိုင်ပေသည်။ ဗန်ကောက်သို့ သွားရန် အဝေး ပြေးကားများရှိပြီး နယ်ခြား ဂိတ်အနီးမှာပင် အဆင်သင့်စောင့်နေသည့် ကားများရှိလေသည်။ နံနက် ၈ နာရီနှင့် ည ၇ နာရီတွင် ဗန်ကောက်သို့သွားသည့် လိုင်းကားများရှိသည်ဟု ဆိုသည်။ … (more…)

နည်းနည်းဖတ်၍ များများ တွေးခေါ်စဉ်းစားပါ – မြတ်ဆွေ

တွေ့ကရာစာတွေ အများကြီးဖတ်ပြီး နည်းနည်းမှ မစဉ်းစားရင် ဗဟုသုတများတဲ့ လူညံ့တစ်ယောက် …

24ယခုအခါတွင် ဂျာနယ်တွေများစွာ ထွက်နေကြသည်။ ထွက်သမျှအားလုံးကို ဘယ်လိုမှ မဖတ်နိုင်။ ထိုအခါတွင် မိမိ နှစ်သက်ရာ ဂျာနယ်တစ်စောင်၊ နှစ်စောင် သာဝယ်ဖတ်ကြသည်။ ပုဂ္ဂလိက သတင်းစာများလည်း ထွက်လာ သည်။ မိမိကြိုက်ရာ တစ်စောင်နှစ်စောင်ပဲ ၀ယ်ဖတ်ကြသည်။

ဖတ်စရာများသလောက် ဖတ်နိုင်ပါ၏လော။ ဖတ်စရာစာများအဖြစ် မဖြစ်မနေ ဖတ်ရန်လိုပါ၏လော…၊ ဤသို့လျှင် စဉ်းစားမိပါသည်။

ဖတ်စရာတွေ အားလုံးအကုန်လိုက် ဖတ်နေလျှင် ဆုံးအံ့မထင်။ မိမိနှစ်သက်ရာ၊ မိမိနှင့်ပတ်သက်ရာ အကြောင်း အရာကိုသာ ရွေးဖတ်နိုင်ရန် လိုသည်ဟု ဆိုကြသည်။ တွေ့သမျှစာတွေ အများကြီး လျှောက်ဖတ် နေဖို့ မလိုအပ်။

တွံတေးမှာ အိုးတွေ ဖုတ်နေသည်။ ပျဉ်းမနားသကြားစက်အတွက် ကြံများဝယ် ယူနေ စသောသတင်းများကို ဖတ်နေမလား။ (more…)

ဇွဲကပင်မြေမှသည် သောင်ရင်းကို ကျော်၍ – ဒေါက်တာမြင့်သိန်း (ရန်ကုန်တက္ကသိုလ်)

မြ၀တီဘက်တွင် တီးချင်တိုင်း တီးလာသည့် ကားဟွန်းသံသည် နယ်ခြားကျော်လိုက်သည်နှင့် မည်သည့် အသံမျှ မထွက်ရဲတော့ချေ။ အသိရှိအောင် ဥပဒေက ထိန်းပေးရင်းဖြင့် စည်းကမ်းရှိသော ဘ၀ကိုပိုင်ဆိုင် လာကြခြင်း ဖြစ် ပေသည်

ယခင်အပတ်မှအဆက်

မြ၀တီဟိုတယ်တွင် နံနက်စာစားနေစဉ်မှာပင် ထိုင်းနယ်ဘက်အခြမ်း မဲဆောက်မြို့သို့သွားမည့် ခရီးစဉ်အတွက် မြ၀တီခရီး သွားဝန်ဆောင်မှုအသင်းမှ ကားတစ်စီး ရောက်လာသည်။ ယမန်နေ့ကပင် ယနေ့ အတွက် ကြိုတင် မှာကြားထားပြီးဖြစ်သဖြင့် အချိန်မှန်မှန် ရောက်ရှိလာခြင်း ဖြစ်သည်။ ခရီးသွား အစီအစဉ်အတွက် ယာဉ်မောင်း သူကပင်တာဝန်ယူထားခြင်း ဖြစ်သဖြင့်ခရီးစဉ်အတွက် ပြောပြပေးမည့်သူ၊ စီစဉ်သူ၊ မောင်းသူဟူသည့် လုပ်ငန်း အားလုံးကိုသူ တစ်ယောက်တည်းဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပုံရသည်။ ကျွန်တော်တို့အဖွဲ့ နံနက်စာ စားနေချိန်တွင် ထိုကားဆရာ ရောက်ရှိလာ ပြီးမဲဆောက်သို့တစ်ရက် တာလည်ပတ်ခွင့် အတွက် လိုအပ်သည့် အထောက်အထား အချက်အလက်များကို ကျွန်တော်တို့ထံမှ တောင်းကာရေးသွင်းဖြည့်စွက်၍ ဖုန်းဖြင့် စီစဉ် နေပေသည်။ ထိုသို့စီစဉ်ဆဲမှာပင်ခရီး သည်စာရင်းကို ဖုန်းဖြင့်အကြောင်းကြား ကာအချိတ် အဆက်လုပ်ကြ သည်။ သာမန်အားဖြင့် တစ်ဦးချင်းအစီအစဉ်ဖြင့် သွားမည်ဆိုလျှင် နယ်ခြားဂိတ်တွင် တန်းစီကာ လိုအပ်သည့် အချက်အလက်များ ဖြည့်သွင်းပြီး ခွင့်ပြုချက် စောင့်ဆိုင်းရမည် ဖြစ်သည်။ ကိုယ်ပိုင်ကားရှိလျှင်လည်း ကားပါယူ သွား နိုင်ပေသည်။ ဟိုဘက်သို့ ခရီးသွားလိုင်စင် ရကားဖြင့်သွားသည့်အခါ ကိုယ်ကိုယ်တိုင် လုပ်ရမည့် လူဝင်မှု ကိစ္စများ၊ ၀င်ခွင့်ကိစ္စများ၊ အချက်အလက် ဖြည့်သွင်းရသည့်ကိစ္စများ ကင်းဝေးသည်မှာတော့ အလွန်ပင် စိတ် ရော ကိုယ်ပါ သက်သာလှပေသည်။ မြ၀တီ-မဲဆောက် ခရီးသွား လုပ်ငန်းအတွက် လိုင်စင်ရသည့် ကုမ္ပဏီမှာ လည်း နှစ်ခု လောက်သာရှိသည် ဟုဆိုသည်။ ထိုသို့ ခရီးသွားလုပ်ငန်းရှိသ ဖြင့် အဆင်ပြေပြေ ခရီးသွားရခြင်း နှင့် တစ်ဖက်နိုင်ငံတွင် စမ်းတ၀ါးဝါးဖြစ်နေစရာ မလိုခြင်းတို့က နှစ်လိုဖွယ်ပင်။ သို့သော် တစ်နေ့တာ ခရီးအတွက် ကားခက မြန်မာငွေ တစ်သိန်းခွဲလောက်တော့ လိုအပ်ပေမည်။… (more…)

ဇွဲကပင်မြေမှသည် သောင်ရင်းကို ကျော်၍ – ဒေါက်တာမြင့်သိန်း(ရန်ကုန်တက္ကသိုလ်)

ရန်ကုန်တွင် အင်တာနက်မှာ ကြည့်ဝယ်ကာ သဘောတူလျှင် စရန်သတ်ကြ၊ ငွေပေးကြ၊ ၀ယ်ကြရသည်။ တကယ် ရောက်လာပြီး ဆိပ်ကမ်းကချတော့ ရစရာမရှိအောင် အနာအဆာများ တွေ့ရသည့်တိုင် မှာပြီးသား ဖြစ်၍ ၀ယ်လိုက်ရသည်။ ထိုအဖြစ်မျိုး လည်း မြ၀တီကား ဈေးကွက်တွင် မရှိချေ။ ဟိုဘက်ကမ်းတွင် စိတ်ကြိုက် ၀ယ်ခွင့်ရသည့် ၁၈သိန်းတန် မတ်တူး ရွှေငါးကဲ့သို့ ကားတစ်စီးကို ရန်ကုန်တွင် သိန်း ၁၈၀နီးပါး အကုန်ခံရ

ယခင်အပတ်မှအဆက်

ရေစိုကားနှင့် နယ်ခြားကားဈေးကွက် မြ၀တီ၏ သောင်ရင်းကို ကျော်လိုက်လျှင် ကားအစီးရာနှင့်ချီကာ မြန်မာ ဈေးကွက် အတွက် ရောင်းချရန် ပြင်ဆင်ထားသည့် ကားကွင်းကြီးရှိနေပေသည်။ ထိုရာနှင့်ချီ သော ကားများ သည် မြ၀တီမြစ်ရေကြီး သည့်အချိန်တွင်တစ်ကွင်းလုံး နစ်မြုပ်သွား ပေတော့သည်။ ကားများ အားလုံးစက်နှိုး၍ ရနိုင်စရာမရှိတော့ ဘဲရွှံ့များဖြင ဖုံးလွှမ်းနေ တော့သည်။ ဤတွင် ထိုင်းကုန်သည်တို့က သည်အတိုင်းတော့ အဆုံးမခံဟု စဉ်းစားကာ ရေစိုကားများကို(၁၀)သိန်းဖိုး(၃)စီးဖြင့် ရောင်းချပေတော့သည်။ ပွတ်ချောင်ကောင်း စောင့်တတ်သည့် ကိုယ်ရွှေမြန်မာ အချို့ကလည်း အပြေးအလွှားသွားဝယ်ကြသည်။ မြ၀တီမြို့ပေါ်ရှိ စက်နှိုး မရတော့သည့် ကားများပင်လျှင် အကုန်ထုတ်ရောင်းကြ သည်။ ၀ယ်သူများကလည်း အလုအယက် ပင်လာ ၀ယ်ကြသည်။… (more…)

နိုင်ငံအနောက်တံခါး ကျိုးပျက်လုနီးပြီလော – အံ့ခေါင်မင်း

အာကာကို လွှာပုံပြုပါလို့ မေယုကိုတဲ့ စုတ်တံချီ သမုဒ်မင်ပြာရေကုန်ပါစေ . . .

ဒါ တို့ပြည်၊ ဒါ တို့မြေ . . . တို့ပိုင်တဲ့မြေ


ယူနီဖောင်းချွတ်၍ အရပ်ဝတ်ပြောင်းလျက် ပါဝင်နေသော လက်ရှိအစိုးရအဖွဲ့အနေဖြင့် စစ်ရေးသဘောတရားများကို ပိုင်နိုင်ကျွမ်းကျင်ပေမယ့် မေ့လျော့ပေါ့ဆနေ . . .

30

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နယ်နိမိတ် မိုင်တိုင်အမှတ်(၅၀)ရှိ နယ်စပ်ခြံစည်းရိုး တံခါးမုခ်ဦး

လွင်တီးခေါင်ပြင်နီးနီးမျှ မြေတရိုးကို ဖြတ်ကာ အဝေးဆီမှ လှမ်းမျှော် မြင်နေရသည့် ညို့ညို့တန်းတန်း သွယ်လျက် မဆုံးသော တောင်တန်းကြီး များကို ငေးကြည့်နေရခြင်းကပင် ရင်၌ ဆို့ဆို့နင့်နင့် ရှိလှစေသည်။

ရံဖန်ရံခါတွင် မြေ၀ါလွင်ပြင်ကို တစ်ပြန့်တစ်လျား မြင်ရသည်လည်းရှိ၏။ ရံဖန်ရံခါတွင် ချောင်းလက်တက်၊ ဒီရေတောနှင့် ရေစပ်စပ် မြေညိုရောေ နသော ရိတ်သိမ်းထားသည့် လယ်မြေတို့ကို ဟိုဒီကွက်ကျား မြင်ရ သည်လည်း ရှိ၏။

မည်သို့ဖြစ်စေ ပြာမှိုင်းမှိုင်း ကောင်းကင်အောက်၊ ဖြူတောက်တောက် တိမ်အဆုပ် အဆုပ်များဖြင့် ၀န်းရံ ထားသည့် တွန့်ခေါက် သွယ်လျားမဆုံးနိုင်သော ထိုညို့ဆိုင်းဆိုင်း တောင်တန်းကြီးကတော့ အမြင်အာရုံ၏ အဆုံးကို အနားသတ် ပေးနေမြဲသည်သာ။

““မေယု ””

ဒေါင်းမိခင် ၀မ်းကြာတိုက်မှ သမီးကညာပျိုတစ်ပါးဖြစ်သည့် ထိုတောင်တန်းညို၏ လှလိုက်ဘိသော အမည်။

  (more…)

အမျိုးဘာသာ သာသနာအား ဥပဒေဖြင့် စောင့်ရှောက်ကြမည်လော၊ ဥာဏ်ရည်ဖြင့် စောင့်ရှောက်ကြမည်လော – လင်းထိုက် (Y.I.T)

သံဃာတော်များဖမ်းဆီး၊ ထိန်းသိမ်း၊ ထောင်ချခံရခြင်း၊ လက်ပံတောင်းတောင်ဆန္ဒပြသော သံဃာတော်များအား မီးလောင်ဗုံးဖြင့် ပစ်သွင်း ထိခိုက်ဒဏ်ရာများရစေခဲ့ခြင်း၊ နေပြည်တော်ရှိ ဘုန်းကြီးကျောင်းများ ရွှေ့ပြောင်းခံရ၍ သံဃာအချို့ တရားစွဲ ခံရခြင်း၊ မြန်မာဗုဒ္ဓဘာသာအပေါင်း အမွန်အမြတ်ထား စောင့်ရှောက်ခဲ့သော လယ်တီ သိမ်တော် ရွှေ့ပြောင်းခံရခြင်း၊ ၀န်ကြီးချုပ်တစ်ယောက် ဘုရားရင်ပြင်ပေါ် ကားစီးတက်ရောက်ခြင်း စသည့် သာသနာနှင့်ပတ်သက်၍ အဓမ္မမှုများ ကြုံတွေ့ခဲ့ရ . . .

၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် တရွေ့ရွေ့ နီးကပ်လာသည့်အချိန်နှင့် တိုက်ဆိုင်စွာပင် မျိုးစောင့် ဥပဒေပြဋ္ဌာန်းခြင်းအား ကန့်ကွက် သံ၊ ထောက်ခံသံများ ပွက်လောညံလျက်ရှိသည်။ ကိုးကွယ်ခြင်း၊ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ် မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ခြုံငုံ၍ မျိုးစောင့် ဥပဒေဟု အမည်နာမပြု သုံးစွဲခြင်းဖြစ်သည်။ အဆိုပါ ဥပဒေ ၄ရပ်ပါသော မျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးရန် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဆရာတော်က လက်မှတ်ရေးထိုးကာ သမ္မတဦးသိန်းစိန်ထံသို့ ၂၀၁၃ ခုနှစ် ဇူလိုင် ၉ ရက် ရက်စွဲဖြင့် ပေးပို့ခဲ့သည့် အတွက် အဆိုပါ ဥပဒေများ ပြဋ္ဌာန်းပေးရေး အားသုံးသပ် စဉ်းစားပေးရန် သမ္မတဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော် နာယကထံသို့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် တွင် သ၀ဏ်လွှာပေးပို့ခဲ့သည်။ ထိုအခါ ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်းက အဆိုပါ ဥပဒေ မူကြမ်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများက ရေးဆွဲပြီး အစိုးရအဖွဲ့၏စိစစ်ချက်ဖြင့် လွှတ်တော်သို့ ပြန်လည် တင်ပြရန် နိုင်ငံတော်သမ်္မတ ဦးသိန်းစိန်ထံ သ၀ဏ်လွှာပြန်လည်ပေးပို့ခဲ့ ပြန်သည်။ … (more…)