မြန်မာသံတော်ဆင့်သတင်းစာ

Home » ဆောင်းပါး » အထူးဆောင်းပါး

Category Archives: အထူးဆောင်းပါး

လွှတ်တော်သူရဲကောင်း ဦးဆန်းဆင့်ကို ထိန်းချုပ်၍ အစိုးရမှ နာယက သူရဦးရွှေမန်း၏ လွှတ်တော် အင်အားစုများ ထောက်ခံမှုရရန် ကြိုးပမ်းခြင်း နိုင်ငံရေး ကစားကွက်ပင်လော – မောင်ရေစက်

ထွက်ပေါ်နေသော သတင်းများအရ ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်း၏ အုပ်စုတွင် ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်သည် စစ်သူကြီးသဖွယ် ရှေ့တန်းမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်စွဲ၍ အစိုးရအပေါ် ဝေဖန်တိုက်ခိုက် နေသူဖြစ်ပြီး ၎င်းကဲ့သို့ အစိုးရအပေါ် အတိအလင်း ဗြောင်ကျကျ ဝေဖန်သူများ ထွက်ပေါ်မလာခဲ့ပေ . ..

ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ခြိမ့်ခြိမ့်သဲ ဖြစ်နေချိန်၌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ၏ နိုင်ငံရေးအုပ်စု၌ စစ်သူကြီးသဖွယ် ဖြစ်သော သာသနာရေး ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို အလွဲသုံးစားမှုတပ်၍ အစိုးရမှ ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီး ချက်ခြင်း တရားရုံးထုတ် စစ်ဆေးကာ ထောင်သွင်း အကျဉ်းချ …

1မြန်မာ့နိုင်ငံရေး လောက၏ အထွတ်အထိပ် အာဏာကို ရယူထားသည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ သမ္မတရုံး ၀န်ကြီးများ အပါအ၀င် အစိုးရအဖွဲ့သည် ဥပဒေပြုရေး မဏ္ဍိုင်ကြီး ဖြစ်သော ပြည်ထောင်စု လွှတ်တော်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ အကြိမ်ကြိမ် အဖန်ဖန် ထောက်ပြ ဝေဖန်မှုကို ခံနေရသည်မှာ အလူးအလဲပင် ဖြစ်ပါသည်။ ပထမဆုံး ပြည်ထောင်စု လွှတ်တော်နာယကကြီး ဦးခင်အောင်မြင့် လက်ထက်မှ စ၍ ဒုတိယမြောက် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း လက်ထက်တိုင်အောင် ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော် ညီလာခံများအတွင်း တစ်တိုင်းပြည်လုံး ပြည်သူ့ ကိုယ်စားလှယ်များ ရှေ့မှောက် အစိုးရအဖွဲ့ကိုယ်စား ဖြေဆိုရသည့် အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီး များအား လွှတ်တော် ဥက္ကဋ္ဌကြီးများမှ အစပြု၍ ထောက်ပြဝေဖန်ခြင်း၊သတိပေးခြင်းများသည် အစိုးရ အဖွဲ့သစ် တစ်ရပ် အနေဖြင့် မည်သို့သော ခံယူချက်ဖြင့် ခံယူကျင့်သုံးနေမည်ကို တိတိကျကျ မသိရသော်လည်း ၎င်းလူကြီး အသိုင်းအ၀ိုင်းများကြားမှ ထွက်ပေါ်လာသော အသံများအရမူ နားထောင်၍ မကောင်းလှပေ။ (more…)

ကြံ့ခိုင်ရေးဘာလဲ၊ ဘယ်လဲ ၁၁ – မောင်ရေစက်

ရွေးကောက်ပွဲများတွင် ရှုံးနိမ့်ခဲ့သည့် ကြံ့ခိုင်ရေးအမတ်လောင်းကေဒါကြီးများကို အသီးသီးနိုင်ငံတော် အဆင့် များ မြှောက်စား တာဝန်ပေးအပ်ရာ အငြိမ်းစား ဗိုလ်ချုပ်မြ၀င်းသည် လာဘ်ပေးလာဘ်ယူ ကော်မရှင်ဥက္ကဋ္ဌ တာဝန်ကိုပင်ရသည်။ တပ်မတော်အစိုးရ လက်ထက် NLD နှင့် အတိုက်အခံ အင်အားစုများအပေါ် အစိုးရ သတင်းစာမှ ဆောင်းပါးများ မှိုချိုးမျှစ်ချိုးရေးသားပေးခဲ့သော စာရေးဆရာတက္ကသိုလ်မြတ်သူ၊ ကြံ့ခိုင်ရေး ဗဟိုအလုပ်အမှုဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးမောင်ရှိန်တို့သည် သက်ဆိုင် ရာကော် မရှင်အဖွဲ့ အစည်း တို့တွင် အဖွဲ့ဝင်များရာထူး ခန့်အပ်ခံရသည်။ အမှန်တကယ်လည်း မထူးဆန်းလှပေ၊ ကြံ့ခိုင်ရေးဖွဲ့ စည်းပုံ စည်းမျဉ်းတွင်မရှိသော မြို့နယ်ကြံ့ခိုင်ရေးနာယက ရာထူးများကိုလည်း တီထွင်၍ မြို့နယ်အာဏာပိုင် ယခင်မယက (ယခုမြို့နယ်အုပ်ချုပ်ရေးမှူး)တို့ကို ကြံ့ခိုင်ရေးနာယကရာထူးများ ဖောဖောသီသီပေးခဲ့ . . .

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမကျင်းပမီ (၈)လအလိုတွင် ကြံ့ခိုင်ရေးပါတီဥက်္ကဋ္ဌ တာဝန်ယူထားသော ပြည်သူ့လွှတ်တော်ဥက်္ကဋ္ဌ သူရဦးရွှေမန်း ရန်ကုန်မြို့ ကြံ့ခိုင်ရေးရုံးချုပ်၌ လွှတ်တော်ကိုယ်စားလှယ်များ ကြံ့ခိုင်ရေးကော်မတီဝင်များအား တွေ့ဆုံစည်းဝေးခဲ့စဉ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကြီးတွင် အာဏာပိုင်ဖြစ်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို မထောက် ညှာတမ်း ဝေဖန်ရပါလျှင် အလွန်တရာထက် မြက်သော စစ်ခေါင်းဆောင်များ၊ နိုင်ငံရေး လှည့်နည်း ပတ်နည်းပေါင်းစုံ ကျွမ်းကျင်သူ များဟု ဆိုရပေမည်။ (ထိုအထဲတွင် ကျွန်ုပ် လေးစားသူများမပါ၊ အဘယ်ကြောင့် ဆို သော် ထိုပုဂ်္ဂိုလ်ကြီးအချို့မှာ ရိုးရိုးရှင်းရှင်းသာ နေထိုင်ပြောဆိုတတ်သူ များဖြစ်ကြ သည်) နိုင်ငံရေး ညစ်ပေါက်ကပ်ကျယ်လုပ်ခဲ့ ကြ၍လည်း ယခင်က ဆန့်ကျင်ဘက် NLD၊ ယခု မိတ်ဖက်ပါတီ NLD ဟူ၍ အဆိုပါ ဗဟိုအလုပ်အမှုဆောင်လူကြီးမင်းများ ပြော ဆိုနိုင်ကြပေသည်။ … (more…)

မြန်မာသံတော်ဆင့် ၂ နှစ်ပြည့် နှစ်ပတ်လည် မြန်မာ့နိုင်ငံရေးအစီရင်ခံစာ – မြန်မာ့သမိုင်းပညာရှင်တစ်ဦး

နှစ်ပတ်လည်အထူးထုတ် နိုင်ငံရေးသုံးသပ်ချက်

““ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (သို့မဟုတ်) ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌကို ဝေဖန်နေသူက သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ အာဏာကိုသုံးကာ ဒုတိယ၀န်ကြီးအဆင့်ရှိသူက ဝေဖန်နေခြင်းပင်ဖြစ်သည်။ သိသိကြီးဖြင့် စော်ကားနေသည် လားတော့ မပြောတတ်ပေ။ တော်ရုံ တန်ရုံနောက်ထများလောက်နှင့် သည်ဇာတ်ကို ကရဲဟန် မတူချေ““ . . .

နှစ်ပတ်လည်သမိုင်းအဖွင့်

မြန်မာနိုင်ငံ၏ တစ်နှစ်တာနိုင်ငံရေး အခြေအနေကို လေ့လာဆန်းစစ်ကြည့်သည့် အခါတွင် စဉ်းစားစရာတွေက အများအပြားပင်။ လူမျိုးရေး၊ ဘာသာရေးပြဿနာ၊ လက်ပံတောင်းတောင်ပြဿနာ၊ အကြမ်း ဖက်ပြဿနာ များက ပထမပိုင်းတွင်  မြိုင်မြိုင် ဆိုင်ဆိုင် ပေါ်ထွက် လာသည်ကို တွေ့ရသည်။ တိုင်းရင်းသားအရေး၊ လက်နက် ကိုင်အရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအရေး၊ အဖွဲ့အစည်းများအရေး တို့ကလည်း အဆက် မပြတ်ပင်။ နိုင်ငံရေးကို ကြည့်လိုက်သည့်အခါ အကွဲအပြဲ ဇာတ်လမ်းများကလည်း တစ်ပုံတစ်ပင်။ အချိတ်အဆက်မိမိဖြင့် ရှုပ်ထွေးနေသော ကိစ္စများကလည်း အများအပြားပင်။ မမျှော်လင့်သောဘက်များမှ ထိုးထွက်လာသော ဖြစ်ရပ် များက အံ့အားသင့်ဖွယ် ဆက်နွှယ်ပတ် သက်နေသည်လည်း စဉ်းစားစရာ အများအပြားပင်။ အားလုံးကို ခြုံလိုက် လျှင် အပေါ်ယံက အနာဂတ်မြန်မာ့နိုင်ငံရေး သည် ဝေေ၀၀ါးဝါး များနှင့်သာ ပြည့်နှက်နေဆဲ ဖြစ်သည်ကို တွေ့ရ ပေသည်။ အခြေခံအကြောင်း ရင်းများအနက် အဓိကအကျဆုံးမှာ ယုံ ကြည်မှု တည်ဆောက် နိုင်ရေးပင် ဖြစ်သည်။ အတိုက်အခံများနှင့် သော်လည်းကောင်း၊ လက်နက်ကိုင်အဖွဲ့များနှင့် သော်လည်းကောင်း၊ တိုင်းရင်းသား များနှင့် သော်လည်းကောင်း၊ တိုင်းပြည်အတွင်း မှီတင်းနေထိုင် ကြသူများအတွင်း တွင်သော် လည်းကောင်း အချင်းချင်းယုံကြည်မှု တည်ဆောက်နိုင်မှု မခိုင်လုံသေးသမျှကာလပတ်လုံး ၀ိုးတ၀ါး မြန်မာ့ နိုင်ငံရေး အခြေအနေကိုသာ မြင်နေကြရဦးမည်ဖြစ်သည်။ (more…)

ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ပါမည်လော – ၁

အစိုးရနှင့်ကေအိုင်အိုတို့ ပြည်ထောင်စု၏ သွေးစည်း ညီညွတ်မှု ပြယုဂ်ဖြစ်သည့် ပြည်ထောင်စုနေ့တွင်ပင် မရှောင် ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်နေကြ . . . နှစ်ဖက်စလုံးမှ မသမာမှုများ၊ စီးပွားရေးအရ အကျိုးထိခိုက်မှုကို ကာကွယ်မှုများကြောင့် တည်ဆောက်ဆဲ ငြိမ်းချမ်းရေးကို ရတက်မအေး၊ အခြေမတည်နိုင်သည့် အဖြစ်သို့ ဖန်တီးနေကြ . . .

aung san၂၀၁၄၊ ဖေဖော်ဝါရီ (၁၂)

“၀ုန်း” .. “ဒိုင်း ..ဒိုင်း ..ဒိုင်း”၊ “တက် …ပစ်” ..“၀ုန်း” ….

ဤအသံများက ကချင်ပြည်နယ်၊ လိုင်ဇာမြို့ ကေအိုင်အို ဌာနချုပ် တည်ရှိရာနှင့် မိုင်(၂၀)ခန့်သာ ကွာဝေးသာ ဂျာအိန်ယန် ကျေးရွာ အနီး ကေအိုင်အေ တပ်၏ ခါအူစခန်းတစ်ဝိုက်တွင် ထွက်ပေါ်နေနိုင်သည့် အသံ များဖြစ်သည်။

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ(၁၂) ရက်တွင် ဦးသိန်းစိန် အစိုးရ၏ မြန်မာ့တပ်မတော် ခလရ ၂၆၁၊ ခလရ ၄၃၁ တို့နှင့် ကေအိုင်အေ တပ်မဟာ ၅ လက်အောက်ခံတပ်ရင်း ၁၈တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ဤသို့သော အသံများ ဆူညံပွက်လောရိုက်ကာ ကမ္ဘာပျက်မတတ် မြည်ဟိန်းနေမည်ကို မည်သူမဆို ခန့်မှန်း သိရှိနိုင်မည်ပင်။ အနီးနားဝန်းကျင်ရှိ ပြည်သူလူထုတို့မှ ထိုအသံများကြား မည်မျှကြောက်ရွံ့ ထိတ်လန့် တုန်လှုပ်၍ ခိုကိုးရာမဲ့ နေကြမည်နည်း ဆိုသည်ကိုလည်း တစ်ဆက်တည်း တွေးမြင်မိကောင်း ကြရဲ့ထင်သည်။ ထိုတိုက်ပွဲ၏ ရလဒ်အဖြစ် ခါအိုစခန်းကို အစိုးရစစ်တပ်များက သိမ်းပိုက် နိုင်လိုက်ကြသည်။ စစ်တို့မည်သည် အောင်နိုင်ပါက အလွန်ဂုဏ်ယူကြရသည့် သွေးသက်သေ တည်ခြင်းဖြစ်ပေသည်။ (more…)

ကြံ့ခိုင်ရေး ဘာလဲ၊ ဘယ်လဲ (၄) – မောင်ရေစက်

ကြံ့ခိုင်ရေး အသင်းကြီးမှ ဦးဆောင်မှုဖြင့် ရေပိတ်၊ ကတ္တရာလမ်းခင်းခြင်း၊ ရပ်ကွက်မြို့နယ်လုံးကျွတ် ရေသွယ် ယူခြင်းများ ခေတ်စားခဲ့သည်။ (နောင်အခါ ငွေကြေးကုန်ကျမှုများပြီး ရေသွယ်ယူထားသော  ရပ်ကွက်လုံး ကျွတ်က ရေမရ၍ ၎င်းကို ပြန်လည် တိုင်တန်းသော ဖြစ်စဉ်အချို့ပေါ်ပေါက်ခဲ့သည်။) အသင်းကြီး၏ အတွင်း ရေးမှူး များက  နေရာတကာ အဘလာမှဖြစ်မယ်ဟု ဆိုကာ . . .

ပြည်ခိုင်ဖြိုးအသင်း စတင်ဖွဲ့စည်းစဉ်မှ ယနေ့တိုင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်၊ ရန်ကုန်တိုင်း ကြံ့ခိုင်ရေး တာဝန်ခံဟောင်း၊ (ဗဟိုအကြံပေး) အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူ ဗိုလ်မှူးကြီးမောင်ပါ (ငြိမ်း)ကို ဇန်န၀ါရီ ၁၃ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရာက်စဉ် တွေ့မြင်ရပုံ (ဦးမောင်ပါ နောက်ပိုင်းတွင် ရန်ကုန်တိုင်း ကြံ့ခိုင်ရေးတာဝန်ခံအဖြစ် ဦးအောင်သိန်းလင်း ဆက်လက်တာဝန်ယူခဲ့သည်။) (၀ဲပုံ)

ကြံ့ခိုင်ရေးအသင်းကြီး၏ တန်ခိုး သြဇာပိုမိုကြီးထွားလာစေခဲ့သော အသင်း ကြီး၏ တရားဝင် ခေါင်းဆောင် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ဒုတိယဥက်္ကဋ္ဌ(ထိုအချိန်ထိ ဥက္ကဋ္ဌမရှိသေး)ဗိုလ်ချုပ်ကြီးစိုးဝင်းလက် ထက်တွင် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ၀န်ကြီး၊ ဒုဝန်ကြီးများ အတွင်းအရေးပါသော နေရာအတွက် အချေ အတင်ပြောခဲ့ ဆိုခဲ့ကြရသည့် ဖြစ်ရပ်များ မှာမထူးသော်လည်း ဆန်းကြယ်ခဲ့သည်။

ကြံ့ခိုင်ရေးများကိုအားလျှင် တိုင် တောနေကြသူများ၊ အချင်းချင်းခြေထိုးနေ ကြသူများ၊၀န်ကြီးများထံမှ အခွင့် အရေး ရလျှင်ရ သလိုတောင်းေ နကြသူများ၊ နေရာ လုနေကြသူများဟူ၍ အောက်ခြေ မြို့နယ်၊ ခရိုင်၊ တိုင်းနှင့် ပြည်နယ် အလုပ်အမှု ဆောင်အဖွဲ့များအတွင်းထက် အောက် ၀န်းကျင်မှပြောဆို သမုတ်ခြင်းခံခဲ့ကြရ သည်မှာ လည်း အသင်းကြီးကာလ တစ် လျှောက်ပင်ဖြစ်ပါသည်။ ဒုဥက္ကဋ္ဌ၀န်ကြီး ချုပ်ဗိုလ်ချုပ်ကြီးစိုးဝင်း တက် ရောက်သော အသင်းကြီး၏ အစည်းအဝေးတစ်ခုတွင် ဗိုလ်ချုပ်ကြီးစိုးဝင်းက ဧရာဝတီတိုင်း တာဝန်ခံအဖြစ် … (more…)

သူတို့သုံးဦးနှင့် အတိတ်ပုံရိပ် – မြတ်ဆွေ

အချို့ လူငယ်စာပေသမားများ ထောင်ထဲမှာ အချိန်တွေကုန်ရသည် ထောင်ထဲ မရောက်သူများကမူ စာပေစိစစ်ရေး အဟန့်အတားဖြင့် လွတ်လပ်စွာ ရေးခွင့်မရ . . .

 ယခုအခါ ကျွန်တော်သည် ကျန်းမာရေး မကောင်းသဖြင့် ဘယ်မှ သွားလာခြင်း မပြုနိုင်။ အိမ်မှာသာ အနားယူရင်း စာနယ်ဇင်းများနှင့် မွေ့လျော်နေရသည်။ ပုဂ္ဂလိက သတင်းစာများ ထွက်ပေါ်လာရာ ကိုယ့်မူနှင့် ကိုယ် ကောင်းကြပါ၏။ အနှစ် ၄၀ ကျော် တစ်သံတည်းထွက်သော အစိုးရသတင်းစာများ မင်းမူနေရာမှ ပုဂ္ဂလိက သတင်းစာ အသီးသီး ထွက်လာသောအခါ တခုတ်တရ အားပေးကြသည်မှာ သဘာဝကျပါ၏။

တစ်နေ့က ““စာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးကဗျာ ဆရာကြီးများအား ဂုဏပူဇာ သဘင်ကျင်းပ”” ဆိုသော သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ ထိုပွဲကို စမ်းချောင်းမြို့နယ် မစိုးရိမ် ပရိယတ္တိ စာသင်တိုက်တွင် ကဗျာဆရာ သမဂ္ဂက ဦးဆောင် ကျင်းပခြင်း ဖြစ်သည်။ … (more…)

ရခိုင်ပြည်နယ် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ညီလာခံ ကျင်းပမည်ဟု RNDP အထွေထွေ အတွင်းရေးမှူး ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရခိုင်ပြည်နယ် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ရခိုင်အမျိုးသား ညီလာခံ ကျင်းပ၍ အဖြေရှာသွားမည်ဟု RNDP (ရခိုင်အမျိုးသား ဒီမိုကရေစီပါတီ) အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက ဒီဇင်ဘာ (၁၈) ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

““ရခိုင်ပြည်နယ်မှာက စိန်ခေါ်မှုတွေက လက်ရှိ ဖြစ်ပေါ်နေဆဲပါ။  အဲဒါတွေကို ယခုထိတိကျစွာ မဖြေရှင်း နိုင်သေးဘူး။ ညီလာခံ ကျင်းပနိုင်ရန် နိုင်ငံရေး အဖွဲ့တွေ၊ ပြည်သူတွေရဲ့ အသံတွေကို စုစည်းပြီး လွှတ်တော်မှာ တင်ပြသွားလို့ရတယ်။ ညီလာခံမှာ ရခိုင်လက်နက်ကိုင် အဖွဲ့တွေအားလုံး ပါဝင်နိုင်ဖို့ အကုန်လုံးကို သဘော တူညီမှုတွေ ပြုလုပ်ထားပြီးပါပြီ။ ညီလာခံ ကျင်းပနိုင်ရန် ၀န်ကြီး ဦးအောင်မင်းက ပံ့ပိုးပေးမယ့် ကတိက၀တ် တွေ ရရှိထားပါတယ်”ဟု ၎င်းက ပြောသည်။

ရခိုင် အမျိုးသား ညီလာခံ ကျင်းပနိုင်ရန် ၂၀၁၃ ဇန်န၀ါရီလတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် RNDP နှင့် ရခိုင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် သဘောတူညီမှု ရယူခဲ့ပြီး ညီလာခံကို ၂၀၁၄ ဧပြီလ နောက်ဆုံးပတ်၌ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျင်းပမည် ဖြစ်သည်။ (more…)

တစ်ခါတုန်းက တက္ကသိုလ် – အောင်မောင်း(သံတော်ဆင့်)

ဆောက်နိုင်လေ အကျိုးရှိလေဆိုတဲ့အလုပ်များ လုပ်နေသလားလို့ ထင်စရာဖြစ်လာတယ်ဗျ ရန်ကုန်မြို့တော် ကြီးမှာ ခုံးကျော်လမ်းတွေ အများကြီးဆောက်ဖို့ ကြိုးစားသလိုမျိုးပေါ့ဗျာ ခုံးကျော်တွေသာ ဆက်လိုက်ရင်တောင် ကောင်းကင် ကားလမ်းတစ်ခုဖြစ်တော့မှာ မဟုတ်လား ဒါပေမဲ့ တစ်ခုချင်း လုပ်နေတာက တွက်ခြေကိုက် တယ်လေ နိုင်ငံတော်ငွေကို အကျိုးရှိစွာ သုံးဖို့ဆိုရာမှာ နိုင်ငံတော် အကျိုးထက် ဘယ်အကျိုးက သာနေသလဲ တော့ အောင်မောင်းမသိ . . .

နှစ်ပေါင်းအတော်ကြာ အသက်မဲ့နေတဲ့ ရန်ကုန်တက္ကသိုလ်ကြီးဟာ မကြာမီက ပြန်လည် အသက်ဝင်စ ပြုလာတယ်ဗျ။ သစ်လွင် လှပအောင်လည်း ပြုပြင်မှုတွေအတွက် နိုင်ငံတော်က အတော်လေးအကုန်ခံကာ ဆောင်ရွက်ထားတာ တွေ့ရတယ်ဗျ။ နိုင်ငံတော်ကတော့ အကောင်းဆုံး ပြုပြင်နိုင်အောင် လိုတဲ့ငွေကြေးကို ပံ့ပိုးပေးတာပေါ့လေ။ အကောင်အထည် ဖော်တာကတော့ ဒီကျောင်းမှာ တာဝန်ရှိတဲ့သူတွေက ဆောင် ရွက်တာပေါ့။ အဲဒီတာဝန်ယူတဲ့ သူတွေရဲ့ အရည်အချင်း အပေါ်မူတည်ပြီး ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ကောင်းခြင်း ဆိုးခြင်းတွေ ဖြစ်လာမှာဗျ။ အဲလွန်ခဲ့တဲ့အပတ်က ထုတ်ဝေတဲ့ သံတော်ဆင့်ထဲမှာ ရန်ကုန် တက္ကသိုလ်နဲ့ ပတ်သက်တဲ့ သတင်းလေး ဖတ်လိုက်ရတယ်ဗျ။ ဒဂုံဆောင်နဲ့ ရွှေဘိုဆောင်ကို သမိုင်းအစဉ် အဆက် ယောက်ျားလေး ဆောင်အဖြစ်ရှိနေရာမှ ယခုအမျိုး သမီးဆောင်အဖြစ် ပြောင်းမလို့ဆိုတဲ့သတင်းဗျ။ တကယ်ဆိုရင် အဆောင်တွေကို အမည် ပေးကတည်းက အမျိုးသမီးဆောင်ကို အမည်ပေးပုံနဲ့ အမျိုးသား ဆောင်ကို အမည် ပေးပုံက မတူဘူးဗျ။ အမျိုးသမီးဆောင် တွေကို သီရိ၊ ရတနာ၊ မာလာ စသည်ဖြင့် နူးညံ့လှပတဲ့ အမျိုးသမီးဆောင်နဲ့ လိုက်လျော ညီတဲ့အမည်တွေ ပေးထားတာ။ အမျိုးသားဆောင်တွေကို ရွှေဘို၊ ဒဂုံ၊ ပင်းယ၊ အင်းဝ စတဲ့ နိုင်ငံတည်ထောင်ခဲ့တဲ့ မြို့တွေရဲ့အမည်၊ တစ်နည်းအားဖြင့် မင်းနေပြည် လုပ်ခဲ့တဲ့ ဘုရင်တွေကိုပါ ရည်ညွှန်းပြီး အမည်ပေးထားတယ်ဆိုရင်လည်း မမှား … (more…)

နိုင်ငံတကာ ပြဿနာကြားက ချစ်ကြည်ရေး ခရီးသွားများ – အောင်မောင်း(သံတော်ဆင့်)

အင်ဒိုနီးရှားက မကျေနပ်သေးတဲ့အတွက် တင်းမာနေဆဲဗျ။ အဲဒီလို အာဆီယံနဲ့ မကျေမနပ် ကိစ္စတွေဖြစ်နေတဲ့ အချိန်မှာ အောင်မောင်းတို့ဆီက နိုင်ငံရေး ခေါင်းဆောင်တစ်ဦးက အားပါးတရ ကျေနပ်လှတဲ့ ခရီးတစ်ခု အနေနဲ့ ရောက်သွားတယ်ဗျ . . . ဟိုက၀န်ကြီးချုပ်ကလည်း အခုလို အာဆီယံနိုင်ငံတွေအတွက် မျက်နှာပူနေရတဲ့ အချိန် မှာ ထင်ရှားတဲ့ မြန်မာနိုင်ငံက နိုင်ငံရေးပါတီ တစ်ခုရဲ့ ခေါင်းဆောင် ရောက်လာတယ်ဆိုတော့ သူ့အတွက် အားတော်တော် ရှိသွားပုံရတယ် . . . နိုင်ငံရေး အမြတ်တစ်ခုရတဲ့အနေနဲ့ ၀မ်းမြောက်ဝမ်းသာစွာ ကြိုဆို လိုက်တယ်ပေါ့ဗျာ . . .

မြန်မာနိုင်ငံဟာ အင်အားကြီး နိုင်ငံနှစ်ခု ကြားမှာ ရှိတဲ့အတွက် အရေးပါတယ်ဆိုတာ အောင်မောင်းတို့ လူကြီးတွေ အမြဲပြောနေကြတဲ့ စကားဗျ။ အရေးပါတယ် ဆိုတဲ့နေရာမှာ နှစ်နိုင်ငံကြား နေရတဲ့အခါ နိုင်ငံရေး ကိစ္စတွေ ဆောင်ရွက်ရတာကအစ အရေးကြီးတယ် ဆိုတာကိုလည်း သတိချပ်ဖို့ လိုတယ်ဗျ။ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ် ဆိုတာက အလွန်ထိလွယ် ရှလွယ်တဲ့အတွက် နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ သွားမှု၊ လာမှု၊ ဆက်ဆံမှုကအစ ကျော့ကွင်းတွေကိုလည်း ရှောင်နိုင်ရမှာ ဖြစ်သလို၊ လိုအပ်လာရင် ကိုယ်ကကျော့ ကွင်းကိုင်ပြီး ကစားတဲ့ သူလည်း ဖြစ်အောင် ဆောင် ရွက်နိုင်ဖို့ လိုတယ်ဗျ။ အောင်မောင်းတို့လို မတောက် တခေါက်လောက် သိတာနဲ့စာရင် အကြံပေးတွေ တစ်ပုံတစ်ပင်ကြီးနဲ့ လုပ်ကိုင်ေ နကြတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ၊ တိုင်းပြည် ခေါင်းဆောင်တွေက ပိုသိမှာပါ။ သူတို့ကလည်း တစ်ယောက် တစ်ပေါက်နဲ့ အကြံတွေ ပေးကြမှာပါ။ ဒါပေမဲ့ ကောင်းတာတွေ ယူရမှာ ပေါ့လေ။ တစ်ချိန်သော မဆလ လက်ထက်က ဌာနတစ်ခုဟာ နိုင်ငံ့ခေါင်းဆောင်တစ်ဦး ခရီးသွားမယ်ဆိုရင် အဲဒီနိုင်ငံရဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေ၊ နိုင်ငံတကာ ဆက်ဆံရေး ပြဿနာ၊ သွားလျှင် ဖြစ်ပေါ် လာနိုင်သည့် သက်ရောက်မှုများ စတဲ့ အရာတွေကို ရေးပေးရတယ်ဗျ။ အဲဒီ အစီရင်ခံစာအပေါ် အခြေခံပြီး မသွားသင့်ဘူး ထင်ရင် ချက်ချင်း သက်ဆိုင်ရာ နိုင်ငံကို အကြောင်းပြန်ကာ မသွားတော့ဘူးဗျ။ နိုင်ငံတကာ အရေးတွေမှာ ကိုယ်နဲ့ ပတ်သက် ဆက်နွှယ်ပြီး အသုံးချ မခံရအောင်  သတိထား ဆောင်ရွက်တဲ့ သဘောပါဘဲ။ ကိုယ်မမြင်တဲ့ အကွက်တွေကို ပညာရှင်တွေက မြင်တဲ့အတွက် သတိပေး ထောက်ပြတာကို လက်ခံပြီး ဆောင်ရွက်ဖို့လိုတယ် ဆိုတဲ့ သဘောပါ။ အခုခေတ်မှာလည်း ဒါတွေ ရှိမှာပဲလို့ အောင်မောင်း ထင်တယ်လေ။ ဘာကြောင့်လဲဆိုတော့ အကြံပေးတွေ တောင်လို ပုံနေလို့ပါ။ … (more…)

ပအိုးဝ်ဒေသက ဆီဆိုင်သို့ အလည်တစ်ခေါက် (သို့မဟုတ်) ရင်ထဲရောက်ဓာတ်ပုံများ – ပြည့်စုံထွန်း

ခရီးသွား အများကတော့ ခရီးပန်းလာမှုနဲ့ အတူ နံနက် စာစား၊ ကျန်းမာရေးသွားပေါ့။ အဲဒီမှာပဲ သတိထား မိလာတာ တစ်ခုရှိ ပါတယ်။ ကျန်းမာရေး အတွက် သုံးတဲ့ အိမ်သာတွေဟာ သန့်ရှင်းမှု အားနည်းတာကို တွေ့လာ ရတာပါ။ သုံးစရာ ရေမရှိတဲ့ အိမ်သာတွေလည်း တွေ့ရပါတယ်။

ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်ရှိ တောင် တန်းတွေက အ၀ါရောင် နေကြာပန်းရိုင်း တွေနဲ့ နတ်သမီးတွေ တိမ်ပေါ်မှာ ကသလို မြင်ရသူ အပေါင်းကို ဆွဲယူ ဖမ်းစားေ နပါတယ်။ မြူတွေ တိမ်တွေ စိမ်းနေတဲ့တောင် ၀ါနေ တဲ့တောင်ခါးပန်း …။ ပြီးခဲ့ တဲ့ နိုဝင်ဘာ ၁၉ ရက်မှာ သတင်း အလုပ်မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ရှမ်းပြည် ဆီဆိုင်မြို့ကို ခရီးသွားဖြစ်ခဲ့ ရာမှာ တွေ့ခဲ့ရ တဲ့မြင်ကွင်းလည်း ဖြစ်ပါတယ်။ တကယ်တမ်း ဒီခရီးစဉ်မှာ ရှမ်းပြည်ရဲ့ အလှအပ တွေကိုသာ မမြင်တွေ့ ရဘူးဆိုရင် ၂၄ နာရီနီးပါး သွားခဲ့ရတဲ့ ခရီးစဉ်က ကျွန်တော့်အတွက် ပြည့်စုံမယ်လို့ မထင်ပါဘူး။

ပထမဆုံးတော့ ခရီးစတင် ထွက်ခွာဖြစ်တာ ညနေခြောက်နာရီမှာ ဖြစ်ပြီး တောင်ကြီးမြို့ကို စတင်သွားတဲ့ ခရီးစဉ်ဖြစ် ပါတယ်။ အဲဒီကမှ တစ်ဆင့် ပအိုးဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက ဆီဆိုင်မြို့ကို သွားရောက် ရမှာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ မြေပြန့်ကို ကျော်လွန်လာပြီးတဲ့ နောက်မှာတော့ ညပိုင်းကား မီးရောင်ထဲမှာ နေကြာပန်းရိုင်းတွေကို စတင်မြင်တွေ့ လာရပါတော့တယ်။ တောင်ကြီးခရီးစဉ် တစ်လျှောက် ကားမီး ရောင်အောက် မှာသာ မြင်တွေ့နေရတဲ့ နေကြာပန်းရိုင်းတွေကို နံနက်လင်းချိန် တောင်ကြီးမြို့ အရောက်မှာ တော့ လင်းရောင်ခြည်နဲ့အတူ မြင်တွေ့ခွင့် ရခဲ့ပါတယ်။ အဲဒီဒေသခံတွေ အတွက် မထူးဆန်းပေ မယ့် အောက်ပြည်အောက်ရွာသား အဖို့တော့ ရှုမဆုံးတဲ့ မြင်ကွင်းလည်းဖြစ်ပါတယ်။ … (more…)

မြန်မာနိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်များနှင့် ယတြာ – ဓမ္မပါလမြို့သား

နိုင်ငံတော်သမ္မတ ဖြစ်ပြီး သုံးရက်မြောက် နေ့တွင် အိမ်တော်၌ သံဃာတော် အရှင်သူမြတ်များအား ပင့်ဖိတ်ကာ ဆွမ်းကပ် လှူခဲ့သည် ထို့ပြင် ရွှေတိဂုံစေတီတော် ရာဟုထောင့်နှင့် အနောက်ဘက်မုခ်ဝအနီး ကွက်လပ်တို့တွင်လည်း ဗောဓိပင်ပျိုများ စိုက်ပျိုးခဲ့သည် . . .

မြတ်စွာဘုရား ကြွတော်မူခဲ့သည့်နေရာဟုဆိုသော နေပြည်တော်ရှိ နေရောင်ပြအင်းဘုရားကြီးကို နိုဝင်ဘာလ ၁၀ ရက်နေ့က ဖူးတွေ့ရစဉ်

မြန်မာသံတော်ဆင့် အတွဲ(၂)အမှတ်(၃၆)တွင် သမိုင်းပညာရှင် ဒေါက်တာမြင့်သိန်းက ခေါင်းဆောင်နှင့် ယတြာ ဟူ၍ မြန်မာ့ နိုင်ငံရေး ခေါင်းဆောင် အချို့၏ ယုံကြည်မှု၊ ကိုးကွယ်မှု ယတြာ အစီအရင်များဖြင့် တိုင်းပြည်၏ ကံကြမ္မာကို ပုံဖော်ခဲ့ကြောင်း ရေးသားခဲ့ရာ မြန်မာနိုင်ငံတော် အနေဖြင့် ရှေးပဝေသဏီကပင် မင်းအဆက်ဆက်၊ ဘုရင့်တပ်မတော် အဆက်ဆက်၊ အစိုးရများ အစဉ်အဆက် ထိုနည်းအတိုင်းပင် ယုံကြည်မှုများရှိခဲ့ကြောင်း လေ့လာတွေ့ရှိရ ပေသည်။ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာ ၁၇ ရက်)သည်လည်း နက္ခတ်တာရာစုံသော အချိန်အခါဟူ၍ တိုင်းပြည်ခေါင်းဆောင်များ အနေဖြင့် အထူး အလေးထားကြ ရကြောင်း၊ နိုင်ငံအနှံ့ ဘုရားပုထိုး စေတီများတွင် ကုသိုလ်တရားပွားများ သူများဖြင့် စည်ကား လှကြောင်း တွေ့ရှိရ ပေသည်။ နိုင်ငံသူ နိုင်ငံသားတို့ အနေဖြင့်လည်း မိမိတို့၏ တိုင်းပြည် ခေါင်းဆောင်များသည် မည်သို့သော ယုံကြည်မှု စိတ်ဓာတ် စွမ်းပကားများဖြင့် နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးစီးပွား တိုးတက် ထွန်းကားရန်၊ တိုင်းပြည်သာယာ ၀ပြောရန် အတိတ်ကောင်း နိမိတ်ကောင်းများ ဖြစ်ပေါ်လာမည်ကို မျှော်လင့်ကြ ပေလိမ့်မည်။ အကျိုးအကြောင်း၊ အဆိုးအကောင်းမှာမူ မြန်မာတို့၏ သမိုင်းအစဉ်အဆက် မှသည် ယနေ့နောင်ခါ ဖြစ်ပေါ်လာမည့် ဖြစ်ရပ်များဖြင့်သာ တွက်ဆနိုင် ပေလိမ့်မည်။

ဒေါက်တာသန်းထွန်း ၇၅ နှစ်ပြည့်

(ရှာရှာဖွေဖွေ မြန်မာ့သမိုင်းစာအုပ်)မှ-

ရှေးခေတ် မြန်မာ့တပ်မတော်နှင့် လောကီ ပညာယုံကြည်မှုများသမိုင်းတွင် မြန်မာ့နန်းတွင်း၌ ပုဏ္ဏားများလိုက်နာ ဆောင်ရွက်ရသော တာဝန်ဝတ္တရားများတွင် ရာသီအလိုက် နာရီမောင်း ပြောင်းပေးရခြင်း၊ နေကြတ် လကြတ် အခါကို ကြိုတင်တွက်ချက် လျှောက်ထားရခြင်း ပြက္ခဒိန် ဆက်ရခြင်း၊ မင်းခမ်းမင်းနားနှင့် ပတ်သက် သမျှကို အခါတော်ပေးရခြင်း၊ အခါကြားရ ခြင်းတို့ပါဝင်သည်။ ရှစ်ပါးပုဏ္ဏားများမှာ ပညာရှိ၊ နာရီတော်မှူး အရာရှိများ အဖြစ် ခန့်ထားခြင်း ခံကြရသည်။ စလွယ်ကိုးသွယ် တင်မဏိပူရခေတ္တရာ ပုဏ္ဏား၊ စလွယ်သုံး သွယ်တင် မဏိပူရ ဗီသျှပုဏ္ဏားများသည် လောကီပညာ စာပေများကို ပြန်ဆိုရေးသား ကြရသည်။ ဗြာဟ္မဏ ပုဏ္ဏားများ၏ အကြံဉာဏ်ကို မည်မျှ သေးငယ်သော ကိစ္စအတွက် ဖြစ်စေ မြန်မာဘုရင် တို့သည် လိုက်နာ ဆောင်ရွက် ကြပါသည်။

မြန်မာ့တပ်မတော်သည် စစ်ချီတက်ရာတွင် စစ်ရေးနိမိတ်ဖတ်ရန် သိုက်တဘောင်၊ စနည်းတို့ကို အသုံးပြုခဲ့သည်။ ကြက်ရိုးထိုးခြင်း၊ တံမျဉ်းချိုးခြင်း၊ စာလှန်ခြင်း တို့ကိုလည်း ယုံကြည် လိုက်နာခဲ့ပါသည်။ စစ်ချီ စစ်တက်ရာတွင် လည်းကောင်း၊ စစ်ရေးအခြေအနေ ကိုလည်းကောင်း အတိတ်နိမိတ်၊ တိမ်နိမိတ်၊ ဘဝေါ၊ လဘဝေါ၊ နေဘဝေါ များကို ကြည့်ရှုလေ့လာ၍ နိမိတ်ဖတ်ပါသည်။ စစ်ထွက်ခါနီးတွင် ဆင်၏အပြု အမူကို ကြည့်၍ စစ်အောင် မအောင် နိမိတ်ဖတ်သော ဂဇာသျှတ္တရ ကျမ်းပင် ရှိခဲ့ပါသည်။ မြန်မာတို့ကို အထူး လွှမ်းမိုးနိုင်သော ဗေဒင်ပညာကိုလည်း မြန်မာ့တပ်မတော်သည် အသုံးပြုခဲ့ပါသည်။ စစ်ချီစစ်တက်သော အခါနှင့် နိုင်ငံရေး ဆောင်ရွက်သော အခါတွင် ဗေဒင်ပညာအရ တွက်၍ပေးသော အခါတော်နှင့်အညီ ဆောင်ရွက်လေ့ ရှိပါသည်။ စစ်ချီ စစ်တက်ရာတွင် ရှေ့ဦးမှ နေ့သင့် နံသင့်သားများကို ဦးဆောင် ချီတက်စေ၍ … (more…)

တိုင်းပြည်မြို့ ရွာအေးချမ်းသာယာဝပြောစေရန်အတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တန်ဆောင်မုန်းလပြည့်ည – မြန်မာသံတော်ဆင့်သတင်းအဖွဲ့ (၂)

 ဘေးရန်ကင်းကွာ၍ အောင်မြင်မှုများရရန်  ပြည်တွင်းပြည်ပသာသနာပြုအကျော်  ဆရာတော် မထေရ်ကြီး တစ်ပါး က နိုင်ငံတော် သမ္မတဦးသိန်းစိန်ကို တန်ဆောင်မုန်းလပြည့်ညတွင် သတ္တဌာနဘုရား၌  ရွှေမကိုဋ်တော် ကပ်လှူ ပူဇော်ရန်မိန့်ကြားခဲ့ကြောင်း သမ္မတအကြံပေးအသိုင်းအ၀ိုင်းမှ သတင်းထွက်ပေါ်လာ . . . ညနေလေး နာရီ ခွဲလောက် မှာတော့ မဟာဗောဓိ စေတီရဲ့ တစ်ဖက်လမ်းကနေ မိုင်းရှာခွေး နှစ်ကောင်နဲ့ တာဝန်ရှိသူ(၁၆)ယောက်ဟာ မိုင်းရှာ တဲ့ ကိရိယာတွေနဲ့အတူ မဟာဗောဓိစေတီတော်ပတ်ဝန်းကျင်ကို မိုင်းတွေရှာနေကြတာ တွေ့ရတယ်။  ဒါဆိုရင် သမ္မတ ကြီးလာမှာ ကျိန်းသေသွားပါပြီ။ ညကျမှပဲ သမ္မတကြီး ဘုရားဖူးလာတာ ကိုစောင့်ပြီးဓာတ်ပုံရိုက်ဖို့ဆုံးဖြတ် . . .

နေပြည်တော်၊ နိုဝင်ဘာ ၁၈

ခရစ်နှစ် ၂၀၁၃ခုနှစ် နိုဝင်ဘာလ(၁၇) ရက်၊ မြန်မာသက္ကရာဇ် ၁၃၇၅ခု၊ တန် ဆောင်မုန်း လပြည့်နေ့မှာေ တာ့ နေပြည်တော်တွင်ေ ရာက်ရှိနေသော မြန်မာသံ တော်ဆင့်သတင်းအဖွဲ့သည် နေပြည်တော်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ပြည်သူများ ဘုရားဖူး ကုသိုလ်ယူနေကြ သည့် မြင် ကွင်းများကိုသတင်းရယူရန်နှင့် လပြည့်ကျော် (၁)ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်မည့်၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ သတင်းယူကြမည် ဖြစ်သည်။  နေပြည်တော်သို့ ရောက်ရှိနေသော ပြည်သူတို့သည် ယခုလို အခါကြီးရက်ကြီးတွင် နေပြည်တော် တစ်ခွင် ထင်ရှားသော ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် ပုံစံတူ ဥပ္ပါတ သနိ္တစေတီတော်၊ အိနိ္ဒယနိုင်ငံ ဗုဒ္ဓဂယာရှိ မဟာဗောဓိ စေတီတော်နှင့် ပုံစံတူ ပုဗ္ဗသီရိ မြို့နယ်၊ ဥဒယရံသီ ကုန်းတော်တွင် တည်ထားကိုးကွယ်သော သတ္တသတ္တာဟမဟာ ဗောဓိစေတီတော်တို့အား ဖူးမြော်ကာ ကုသိုလ်ကောင်းမှု ပွားများကြသည်။

မြန်မာနိုင်ငံတွင် မင်းအစိုးရ လက်ထက် အသီးသီးတွင် ဘုရားစေတီများ တည်ထား ကိုးကွယ်လျက်ရှိရာ ဦးနုအစိုးရ လက်ထက်တွင် ရန်ကုန်မြို့ ကမ္ဘာအေး မဟာပါသာဏ လိုဏ်ဂူတော်ကြီး၊ သမ္မတ ဦးနေ၀င်း လက်ထက်တွင် မဟာဝိဇယ စေတီတော်၊ စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်တွင် နေပြည်တော်ရှိ ဥပ္ပါတသနိ္တစေတီတော်၊ သမ္မတကြီးဦးသိန်းစိန် လက်ထက်မှာတော့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥဒယရံသီ ကုန်းတော်တွင် တည်ထားကိုးကွယ်သော သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မှာ ထင်ရှားသော စေတီတော် တစ်ဆူဖြစ်ပါတယ်။ သက်ဦးဆံပိုင် ဘုရင်တွေ လက်ထက်မှာလည်း ဘုရင်များ၏ ကုသိုလ်တော်စတီ၊ ပုထိုးများရှိခဲ့သည်။ ကျွန်တော်တို့ မြန်မာသံတော်ဆင့် သတင်းအဖွဲ့ လည်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် လက်ထက်တွင် တည်ထားသော သတ္တသတ္တာဟ မဟာဗောဓိစေတီ တော်အား သတင်းရယူရန် သွားရောက်ခဲ့ ကြသည်။ … (more…)

ပြင်လိုက်ညာလိုက် ပညာရေး ဘာလဲ၊ ဘယ်လဲ – အောင်မောင်း(သံတော်ဆင့်)

ပါမောက္ခချုပ်တွေအဖြစ် ခန့်အပ်ထားတဲ့ သူတွေထဲမှာ အရည်အသွေးကို မကြည့်ဘဲ အဆင်ပြေရင် ပြေသလို ကိုယ့်အုပ်စု ကောင်းစားရေးအတွက် ကိုယ့်လူကိုယ် ခန့်ထားတဲ့သူတွေ ပါနေတော့ တချို့သော ပုဂ္ဂိုလ်တွေရဲ့ အရည်အသွေး ညံ့ဖျင်းမှုတွေ အင်တာနက်ပေါ်မှာတောင် ရောက်နေတဲ့အတွက် လွတ်လပ်တဲ့ အုပ်ချုပ်ရေးသာ ပေးလိုက်မယ်ဆိုရင် ငှက်ပျောတောကို မျောက်စောင့်ခိုင်းတဲ့ ပုံပြင်လိုဖြစ်မှာ အမှန်ပဲဗျ . . .  

 မြန်မာနိုင်ငံပညာရေး စနစ်ကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ကြဖို့ဆိုတာ ဦးနုရဲ့ ပါလီမန်အစိုးရ လက်ထက် ကတည်းက လွှတ်တော် မှာ အော်လာလိုက်တာ အခုအထိ မဆုံးသေးဘူးဗျ။ အောင်မောင်းတို့ နိုင်ငံမှာ အဲဒီ ကတည်းက ပညာရေးစနစ်ကို တစ်ချိန်လုံး ပြောင်းနေလိုက်တာလည်း မဆုံးနိုင်အောင်ပဲဗျာ။ ကျောင်းသားဆိုတဲ့ သူတွေကတော့ ခေတ်အဆက်ဆက် အစမ်းသပ်ခံပေါ့။ ပညာရေးစနစ် ကျဆုံးရတဲ့ အချက်တွေထဲမှာ ပညာရေးကို နိုင်ငံရေးနဲ့  ချိန်ဆကာ ဆောင်ရွက် နေကြတဲ့ အစိုးရတွေ အဆက်ဆက်ကြောင့် ဆိုတာက အဓိကပဲဗျ။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းမှာ နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုတွေနဲ့ ပညာရေးနဲ့ဟာ ဆက်စပ် နေတော့ တက်လာတဲ့ အစိုးရတိုင်းက ဒါကို ချိန်ဆ ဆောင်ရွက်နေကြလို့ ဆိုတဲ့ အချက်ဟာ ပညာရေး ကျဆင်းရခြင်းနဲ့ ဆက်စပ်နေတဲ့ ငြင်းပယ် မရတဲ့အချက် လို့ အောင်မောင်း ထင် တယ်။ နောက်တစ်ချက် က ကျောင်းဆရာတွေရဲ့ အခန်းကဏ္ဍပဲ။ နိုင်ငံတစ်ခုမှာ စာရိတ္တမဏ္ဍိုင်ရဲ့ နောက်ဆုံး ပျက်စီးတဲ့ နေရာဟာ ဆရာဆရာမတွေပဲလို့ အဆိုရှိတယ်ဗျ။ ဆရာတွေဟာ သူတို့ကို ဂုဏ်သိက္ခာ လေးစားရမယ့် သူတွေအဖြစ်နဲ့ သတ်မှတ်ထားခြင်း ခံရတဲ့အတွက် တတ်နိုင်သမျှ အဂတိလိုက်စားမှု ကင်းစွာနဲ့ သိက္ခာတွေ ထိန်းကာ အငတ်ခံ၊ တောင့်ခံကြပြီး နောက်ဆုံး မခံနိုင်တော့တဲ့အချိန်မှာမှ  စာရိတ္တပျက်ယွင်း ကြတာဖြစ်တဲ့ အတွက်ကြောင့် သူတို့ပျက်ပြီ ဆိုရင်တော့ တိုင်းပြည်ရဲ့ အဂတိလိုက်စားမှု၊ စာရိတ္တပျက်ယွင်းမှုဟာ အဖတ်ဆယ်ဖို့ မလွယ်တော့ဘူးလို့ ဆိုတယ်ဗျ။ ကဲ ဒီနေ့ မြန်မာနိုင်ငံမှာ ရှိတဲ့ဆရာ၊ ဆရာမတွေရဲ့အခြေနေကိုအဲဒီ ပေတံနဲ့ လေ့လာတိုင်းတာ လိုက်တဲ့အခါ ဘယ်အခြေအနေ ရောက်နေတယ်ဆိုတာ အောင်မောင်း သာမက ပြည်သူတွေ အလိုလို သိနိုင်မှာပါနော်။ အခြေခံ အကြောင်းရင်းကတော့ ၀မ်းစာမလုံလောက်မှုကို တောင့်မခံနိုင်တဲ့ အဆုံးမှာ သိက္ခာမစောင့်စည်း နိုင်တော့ဘဲ ၀မ်းဝမယ့် လမ်းစရှာလာကြတာပါ။ ကြာလာတော့ အစွယ်တွေ ပေါက်ပြီး ဘီလူး ဘ၀ ရောက်ကုန်ကြတာ တွေ့နေရတယ်။ ပီတိထက် အဂတိကို မက်မော လာကြတာဟာ ဆရာ လောကကို လုံးဝ ပျက်ယွင်းစေတယ်ဗျ။ စာရိ္တပျက်ယွင်းမှုကို ပြန်လည် ဖာထေးရတာဟာ တကယ်မလွယ်တဲ့ လုပ်ရပ် ဖြစ်သွားပါပြီ။… (more…)

လွှတ်တော်ပုံရိပ်ကို အသက်သွင်းသူ – သုံးဘက်မြင် (အထူးဆောင်းပါး)

 ““နောက်ကွယ်မှ လှုပ်ရှားရသည်ကို ပိုမိုနှစ်သက်သူ ဖြစ်ခဲ့သော်လည်း ရှေ့ထွက်လာရသည့် အခါတွင်လည်း

ပုံရိပ်တစ်ခုကို ပီပီပြင်ပြင် အသက်သွင်းပြသွားနိုင်သူအဖြစ် သမိုင်းတွင် မှတ်တမ်းရေးထိုး . . .””

ပါလီမန်အခင်းအကျင်းဓာတ်ပုံတွင် ကျိုင်း၏ အရေးပါပုံ၊ ကျိုင်း ပေါ်ပေါက်လာပုံ၊ ကျိုင်းကို မည်သည့် နေရာများတွင် အသုံးပြုပုံ . . . လွှတ်တော်အခင်းအကျင်း ကျင်းပသည့်အခါ ကျိုင်းအရွယ်အစား၊ ရွှေပါဝင်မှု အနေအထား၊ ပါရမည့် ရုပ်ပုံအနေအထားများ စနစ်တကျ စီစဉ်စေခဲ့ . . ယခင်ပါလီမန်အစိုးရ သဘာပတိအတွက် မြန်မာ့ယဉ်ကျေးမှုကို အခြေခံသည့် ခန့်ညားထည်ဝါသော ၀တ်စုံ၊ လွှတ်တော်သဘာပတိ ၀တ်ဆင်ထားသည့် ၀တ်စုံများကို လေ့လာခြင်း၊ ပြတိုက်ရှိ ၀တ်စုံများကို လေ့လာခြင်းများ ပြုလုပ်စေကာ အနုပညာတက္ကသိုလ်မှ ပညာရှင်များနှင့် ညှိနှိုင်း ဒီဇိုင်းရေးဆွဲစေပြီး အကြိမ်ကြိမ် စိစစ်ပြီးမှ သူကိုယ်တိုင် ၀တ်ကြည့်ပြီးမှ စိတ်ကြိုက်ဖြစ်မှ သက်ဆိုင်ရာ လူကြီးများ၏ အတည်ပြုချက်ကို ရယူနိုင်ရန် ဆောင်ရွက်ခြင်းဖြင့်  ယနေ့ ပြည်ထောင်စုလွှတ်တော် နာယကကြီး၏  ၀တ်စုံဖြစ်လာခဲ့သည် . . .

cover 2မြန်မာနိုင်ငံတွင် အနှစ် ၂၀ ကျော် စစ်အစိုးရ အုပ်ချုပ်ရေးမှ ၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ်ပြီး ဒီမိုကရေစီ အစိုးရသစ် (သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရ) နှင့် ပထမဆုံး ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် ကြီးမှူးသည့် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်သည့် အမျိုးသား လွှတ်တော် တို့ ပေါ်ထွန်းလာခဲ့ကာ နိုင်ငံရေး သမိုင်းသစ်ကို ဖွင့်လှစ်နိုင်ခဲ့ကြသည်။ ၂၀၁၀ မတိုင်မီက ပျဉ်းမနားမြို့အနီး မြို့သစ်၊ နန်းသစ်တည်၍ နက္ခတ်ပညာရှင်တို့နှင့် သမိုင်းဆရာ အချို့တို့အဆို အတိတ်၊ တဘောင်၊ နိမိတ် ကောင်းဆောင်၍ ရှေးယခင်ချိန်ခါက ဘုရားအလောင်းတော် ပလလဲဆင်မင်း ပျော်စံရာ နေရောင်ပြ အင်းကြီးအနီး နေပြည်တော် မြို့တော်ကို တပ်မတော်အစိုးရက တည်ခဲ့ကြသည်။ ပြည်သူတို့အခေါ် နန်းမသုံးဆောင် သတင်းစကားနှင့် လွှတ်တော်ကြီးသုံးရပ် ပေါ်ထွန်းခဲ့ရာ မည်သို့မည်ပုံ ဖြစ်ပေါ်လာမည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြဆဲ ခမ်းနားထည်ဝါလှသော လွှတ်တော် အဆောင်ကြီးများအတွင်း တစ်နိုင်ငံလုံးမှ ပြည်သူ့ကိုယ်စားလှယ် အမတ်မင်းများ၊ အစိုးရအဖွဲ့ဝင်များ နှင့်အတူ လွှတ်တော် အကြီးအကဲများ ဖြစ်ကြသော ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ တက်ရောက် ကျင်းပကြသော လွှတ်တော် အစည်းအဝေးများသည် ပြည်သူတို့အပေါ် အတန်သင့် လွှမ်းမိုး စိတ်ဝင်စားမှုများ ရှိခဲ့ပေသည်။ လွှတ်တော် ညီလာခံသဘင်သည်  စည်တော်သံ မပါလင့်ကစား လွှတ်တော် အကြီးအကဲနှင့် ရွှေရောင် ၀င်းလက်နေသော ကျိုင်းတို့ တွဲဖက်၍ တက်ရောက်ခြင်း ထွက်ခွာခြင်း  ဦးညွှတ်ခြင်း တို့ဖြင့် မြန်မာ့လွှတ်တော်၏ ဂုဏ်သရေကို ဆောင်နိုင်ခဲ့သည်ဟု ဆိုရပေမည်။ လွှတ်တော် ကိုယ်စားလှယ်များ၏ အပြုအမူ အနေအထိုင်နှင့် ဆွေးနွေးသော အကြောင်းအရာ များကိုဖြင့် မဆိုလိုပါ။ မည်သို့ပင်ဆိုစေ လပိုင်း ၃၀ လွန်မြောက်၍ လွှတ်တော် သက်တမ်း ထက်ဝက်ကျော်ချိန်၌ ယင်းလွှတ်တော်များ၏ အဆောင်အယောင်၊ ဖွဲ့စည်းမှု၊ ဂုဏ်ကျက်သရေကို ဖန်တီးပုံဖော်ပေးခဲ့သည်ဟု ဆိုနိုင်သော န.ယ.က အစိုးရ (စစ်အစိုးရ) နှင့် ထိုစဉ်က ယဉ်ကျေးမှု ၀န်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်ခင်အောင်မြင့် (ယခု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ) ဦးဆောင်သော သမိုင်းသုတေသန ပညာရှင်များ အပါအ၀င် ၀န်ကြီးဌာန တာဝန်ရှိသူများသို့ ဆွေးနွေးနှီးနှော၍ မြန်မာ သံတော်ဆင့်က အကြိမ်ကြိမ် အဖန်ဖန် တိုက်တွန်းချက်ဖြင့် စာရေးသူ““သုံးဘက်မြင်””က ဖော်ပြပါ ““လွှတ်တော်ပုံရိပ်ကို အသက်သွင်းသူ”” ဆောင်းပါးတွင် ရေးသား ဖော်ပြချက်များသည် မြန်မာနိုင်ငံ၏ ပထမဆုံး ပြည်ထောင်စု လွှတ်တော်နှင့် လွှတ်တော် အစည်းအဝေးများ၏ ပုံရိပ် တစ်စိတ်တစ်ဒေသ သမိုင်းအစဟု ယုံကြည် မိပါသည်။ မြန်မာနိုင်ငံ၏ လွှတ်တော်ကြီးများ ဂုဏ်ကျက်သရေ တက်နေပမာ တောက်ပနေစေရန်နှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများ ပြည်သူလူထု၏ ကိုယ်စားလှယ်များ ဘ၀အစစ်အမှန် ရပ်တည်နိုင်ကြစေရန်သာ မြန်မာသံတော်ဆင့်က အခိုင်အမာ မျှော်လင့်မိပါကြောင်း။                                                     

အယ်ဒီတာ 

(more…)