မြန်မာသံတော်ဆင့်သတင်းစာ

Home » Articles posted by thandawsint

Author Archives: thandawsint

သံတော်ဆင့်ဖတ်စာ

Thandawsint Phetsar

  • အစိုးရက တစ်မျိုး တပ်မတော်ကတစ်ဖုံ

          အဲဒီတစ်မျိုးနဲ့ တစ်ဖုံအကြား

          မီဒီယာတွေ ခါးနာ

          ဦးရဲထွဋ်ကြီး ပြောတော့

          မြန်မာ့မီဒီယာ ဆိုးရွားနေတာမဟုတ်

          တိုးတက်နေဆဲပါပဲတဲ့။

          သူ့စကားဆုံးမှ ဆုံးသေးရဲ့လားမသိ

          တပ်မတော်က ရေးရဲရေးကြည့်တဲ့

          ထုတ်ပြန်လိုက်တဲ့ ကြေညာချက်

          ဖုန်ကြားရှင်တို့ဆိုတာ မတရားအသင်းကွဲ့

          တည်ဆဲဥပဒေနဲ့ အရေးယူမတဲ့

          ပုဒ်မ ၁၇-၁ ဆိုတော့

          ကိုင်းကြီးကြီး နားသွားနိုင်သပေါ့။ (more…)

စာနယ်ဇင်း

Vol4_No9_30

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ဓမ္မသံတော်ဆင့်

သမထ တရား လက်ဆောင်

Vol4_No9_11

သမထသမာဓိသည် ဗြဟ္မာ့ပြည်သာ လားတယ်ဆိုတဲ့ စကားကို တစ်မှတ်တည်း မှတ်မထားပါနဲ့။ အဲဒါက သာသနာပ သမထကိုပြောတာ။ အဲဒီလိုမှတ်ပါ။ သာသနာတွင်း သမထသည် မဂ်ဖိုလ် အရောက်ပို့ပါတယ် ဆိုတာလေးကို ထိန်ထိန် လင်းလင်းမှတ်ဖို့။ ဒါကိုပြောတာ။

ဒီတော့ ဒီ““၁၄””ရက်၊““၁၅””ရက်၊ လဆုတ် ““၁””ရက် ပြုခဲ့တဲ့ ဒီ““ဒါန”” ခန်းမှာ လုပ်ကြ၊ ကိုင်ကြ၊ ဆောင်ရွက်ကြတဲ့ ဝေယျာဝစ္စအသီးသီး ဆောင်ရွက်ကြတဲ့ ဒါယကာ၊ ဒါယိကာမများ အင်မတန်မှ ဝေးလံတဲ့ နေရာကနေပြီးတော့ ယုံကြည်အားကိုးချက်နှင့် လိုက်လာကြတဲ့ ဒါယကာ ဒါယိကာမများ အပြန်ကို တရားလက်ဆောင်ကျအောင် တရားသဘောအတိုင်း အခု ဟောပြောပြခြင်း ဖြစ်ပါတယ်။

““ဒါန””ကို စွန့်လွှတ်လို့ မရနိုင်ကြောင်း၊ မြတ်စွာဘုရားသည် ပင်လျှင် မိမိ ခန္ဓာကိုယ်ကို စွန့်ပစ်ခဲ့ပြီး သွားခြင်းသည်ပင်လျှင် ““ဒါန”” ဖြစ်ပါတယ် ဆိုတဲ့အကြောင်း သိဖို့ပါပဲ။

ရွှေပေါ်ကျွန်းဆရာတော်၊

အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၱေဇယ်သိဒၶိဓမၼၪာဏိက

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

နိုင်ငံတော်သြ၀ါဒါစရိယ မြတောင်တိုက် ရွှေဝါ၀င်းကျောင်း ဆရာတော်ဘုရားကြီး အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသာသနာဘိဝံသ သြ၀ါဒကထာများမှ ကောက်နုတ်ချက်

တွေ့မြင်မှတ်သား သူယုတ်မာများ

ပေးမှ ကမ်းမှ မေတ္တာရှိသောသူ၊

မပေးမကမ်းလျှင် မေတ္တာမဲ့သောသူ၊

ပေးကမ်းပါလျက် စော်ကားတတ်သောသူ၊

ပေးကမ်းခြင်းကိုပင် မိမိဘုန်းကံကြောင့်ရသည်ဟု

ထင်မှတ်နေသောသူ၊

ဤသူ(၄)ယောက်ကို ယုတ်မာတဲ့သူတွေ

(သူယုတ်မာတွေ)လို့ သဘောပေါက်ကြ။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

မြန်မာသံတော်ဆင့်ကာတွန်း

Vol4_No9_Cartoon_3

Vol4_No9_Cartoon_2

Vol4_No9_Cartoon_1

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

သင်ခန်းစာယူစရာ ရွေးကောက်ပွဲ အတွေ့အကြုံ – မြတ်ဆွေ

ဒေးဒရဲမြို့အနီး မဲရုံတစ်ရုံတွင် ဖဆပလဘက်က ကာကွယ်ရေးတစ်ဦးသည် စတင်းဂန်းကိုင်ကာ မဲရုံရှေ့ ရောက်လာသည် … ပမညတ အမတ်လောင်း ကိုယ်စားလှယ် မိမိသူငယ်ချင်း ကိုစောလွင်က မဲရုံမှူးကို မဲရုံအနီး လက်နက်ကိုင်ဆောင်မှုပြု၍ ကန့်ကွက်သည်… မဲရုံမှူးဆရာမကြီး အတော်စိတ်ညစ်သွားပုံကို မြင်ယောင် နေမိသည် …

Vol4_No9_22

“ရွေးကောက်ပွဲဟေ့” ဆိုလျှင် တရားမျှတရေးသည် အဓိကကျသည်။ ဤသည်နှင့် ပတ်သက်၍ မိမိ တွေ့ကြုံခဲ့ရသော ရွေးကောက်ပွဲ အတွေ့အကြုံအချို့ကို တင်ပြလိုက်ရပါ၏။

၁၉၅၆ ခုနှစ်ကဖြစ်သည်။ မိမိအသက် ၁၈ နှစ် ပြည့်ခါစဖြစ်၍ မဲဆန္ဒပေးခွင့် ရရှိခဲ့သည်။ ဖဆပလ အစိုးရ အင်အားကောင်းချိန်ဖြစ်၍ အနှစ် ၄၀ တည်မြဲရမည်ဟု ကြွေးကြော်နေချိန်။ တစ်ချိန်တည်းတွင် အတိုက် အခံ နိုင်ငံရေးပါတီများ စုပေါင်းထားသည့် ပမညတကလည်း ပြည်သူလူထုထောက်ခံမှု ရရှိနေသည်။ ဖဆပလ က ပြူစောထီးခေါ် ခါးပိုက်ဆောင် ကာကွယ်ရေးတပ်ကို အသုံးပြုပြီး မင်းမူနေရာ လူထု၏ ထောက်ခံမှုမရပေ။ (more…)

ပေါင်းနက်ချောင်း၏ ရှေ့နေ – ရွှေကူမေနှင်း

ကျွန်တော်တို့ရွာနားမှာ လုပ်တာကြာလှပြီ။ တစ်နှစ်လာပြီး နည်းနည်းလေးလုပ်လိုက်၊ အင်ဂျင်နီယာက သူ့အိတ်ထဲ ထည့်သွားလိုက်။ နောက်နှစ်တစ်ဦးလာပြန်လိုက်။ မတောက် တခေါက်လေးလုပ်ပြီး သူဌေးဖြစ်ပြီး ပြန်သွားလိုက်ပဲ …

 Vol4_No9_25

သတင်းမီဒီယာသမားများ၊ စာရေးဆရာများကို စတုတ္ထမဏ္ဍိုင်ဟု အမည်ပေးခဲ့ခြင်းသည် အလွန်မှန်ကန်ပါသည်။ သတင်းသမားများ၊ စာရေးဆရာများဟူသည် လောကကို အလှဆင်ရသူများဖြစ်၏။ လောက၏ အရုပ်ဆိုး အကျည်းတန်မှုများကို ဖယ်ရှားရသူများဖြစ်၏။ ဆရာဦးဝင်းတင်၏ နောက်ဆုံးသြ၀ါဒဖြစ်သော ““သတင်းသမားတွေ အမှန်တရားကို ဖော်ထုတ်ကြပါ။ အမှားတရားတွေကိုလည်း ဖော်ထုတ်ကြပါ”” ဆို သည့်မူအရ အမှားတရားတွေကို ဖော်ထုတ်ကြရပါသည်။ ထိုသို့ ဖော်ထုတ်ရာတွင် ပုဂ္ဂိုလ်စွဲ၊ အာဏာစွဲမပါဘဲ၊ ပြည်သူ့မျက်နှာ တစ်ခုကိုသာ ကြည့်၍ ဖော်ထုတ်ရပါသည်။ ယခုဆောင်းပါးသည် ထိုမူနှင့်အညီတင်ပြ ခြင်းဖြစ်၏။ စတုတ္ထမဏ္ဍိုင်သည် အုပ်ချုပ်ရေးမဏ္ဍိုင်(အစိုးရ)၊ ဥပဒေပြုရေးမဏ္ဍိုင် (လွှတ်တော်)နှင့် တရားစီရင်ရေးမဏ္ဍိုင် (တရားရုံး)တို့၏ ယိမ်းယိုင်တိမ်းချော်မှုများကို ““ထောက်ပြ””ရန်တာဝန်ရှိသည့် အလျောက် ယခုထောက်ပြမှုကို သက်ဆိုင်ရာ တာဝန်ရှိသူ (တိုက်ရိုက် တာဝန်ရှိသူ)များ ဖတ်ရှု ဆင်ခြင် ပေးကြရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။ တစ်နည်းအားဖြင့် “ရှေ့နေ”အဖြစ်လျှောက်လဲချက် တင်ပြရခြင်းဖြစ် ပါ၏။ (more…)

စီးပွားရေးအပေါ် စစ်ရေးဝန်ပိနေပြီး အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေဆဲအစိုးရများ PODESTA ပုလင်းချိတ်ကြသည် – မောင်မြား

ဝါရှင်တန်လော်ဘီအဖွဲ့ကို ငှားရမ်းချိန်မှာ အမေရိကန် သမ္မတအိုဘားမားက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုကို တစ်နှစ်သက်တမ်းတိုးထားသည့် ကာလပြည့်ရန် တစ်လမျှသာ လိုတော့သည့် အချိန်လည်း ဖြစ်သည် . . .

(4-9)-034

၂၂-၆-၂၀၀၆ နေ့ထုတ် ကြေးမုံသတင်းစာတွင် “ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီ များအား ဆန့်ကျင်ကြ” ပြည်သူ့သဘောထား ဖော်ပြထားစဉ်

မြန်မာအစိုးရက အမေရိကန်အပါအ၀င် နိုင်ငံတကာ အစိုးရများအား စည်းရုံးပေးရန်အတွက် အမေရိ ကန်ပြည် ထောင်စုဝါရှင်တန် အခြေစိုက် podesta group အဖွဲ့အား အမေရိကန်ဒေါ်လာ ၈၄၀၀၀၀ ဖြင့် ငှားရမ်းထား ခြင်းဖြစ်ကြောင်း ၀ါရှင်တန်အခြေစိုက် The Hill သတင်းစာက ဖော်ထုတ်ရေး သားခဲ့ သည်။ မြန်မာ အစိုးရအနေဖြင့် ယင်းတို့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး နိုင်ငံတကာတွင် မျက်နှာကောင်းရ စေရန် ပွဲစားလုပ်ဆောင်ရွက်ပေးမည့် အမေရိကန်အကျိုးဆောင် ကုမ္ပဏီတစ်ခုအား အမေရိကန်ဒေါ်လာ ၈ သိန်းကျော်ဖြင့် ငှားရမ်းလုပ်ကိုင်ပေးရန် စီစဉ်ဆောင်ရွက်နေသော်ငြားလည်း မိမိနိုင်ငံနှင့်မိမိနိုင်ငံသားများအပေါ် အစိုးရတစ်ရပ် အနေဖြင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင် ရန် လိုအပ်လျက်ရှိသေးကြောင်း ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာ သုံးသပ်သူများ၏ သုံးသပ်ချက်များကို အခု လိုတွေ့ရှိရမည်ဖြစ်သည်။… (more…)

ဘားအံမှ ရန်ကုန်သို့ – အဲးခိုး

တရားမ၀င်တဲ့ အရက်ဆိုင်၊ ထန်းရည်ဆိုင်၊ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ဆိုင်ကို ပြည်သူတွေ ဖယ်ရှားပစ်တာကို ဥပဒေမဲ့စွာ ပြုကျင့်မှုနဲ့ တရားစွဲမယ် ဆိုတဲ့ ပြည်သူ့ဝန်ထမ်းရဲအရာရှိကို ကရင်ပြည်နယ် အစိုးရအဖွဲ့က ဘာမှ အပြစ်ပေး အရေးမယူတာ …သံလွင်တံတားထိပ်နှစ်ထိပ် အရိပ်အကဲ မလှပသလို ဒုံသမိတံတား ဟိုဘက် ဒီဘက်ထိပ်လည်း အရိတ်အစား များလှပါတယ်။ ကားဆိုင်ကယ်ကိုတား ငွေယူစားတာ အပြစ်မရှိဘူးတဲ့။ အဂတိ တရား လိုက်စားတာ မဟုတ်ဘူး တဲ့။ လာဘ်ပေးလာဘ်ယူ တို့ချစ်သူပါတဲ့ဆိုတဲ့ ပြည်သူ့ရဲအရာရှိ တစ်ဦးရဲ့ တစ်ချိန်က ပြောင် သလိုနောက်သလို ပြောခဲ့တဲ့ စကားကို အမှတ်တရ (သတိတရ)လို့ မဆုံးပါပဲ …


 စကားချီး

မပြောမပြီး ပြောမှပြီးရင် မှားမှားမှန်မှန် ပြောတော့မည်။

တောင်ကလေးဆရာတော်


(4-9)-011ကျောင်းရှေ့ရွာထဲမှာ

ဒီနေ့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အစည်းအဝေးကြီး တက်ရောက်ဖို့ နံနက် ဆွမ်းဘုဉ်းပြီးတာနဲ့ အရှင်နေ ထိုင်တဲ့ ဘားအံ မြို့မှ ခရီးစတင်ထွက်ခွာပါတယ်။ နံနက်ခင်းအချိန်မို့ ရာသီဥတုက သာယာပါတယ်။ တစ်လမ်း လုံး အလုပ်ဆင်းသူလား၊ ခရီးသွားသူလား မဆိုနိုင်ပါ။ ဆိုင်ကယ်၊ မော်တော်ကား၊ စက်ဘီး၊ ထော်လာဂျီတွေ စီး ကြပြီး လမ်းမပေါ်မှာ လူးလားခေါက်သွား သွားပြန်စုန်ဆန်ကြလို့ မြင်ကွင်းက အစုံအလင်ပါပဲ။ ကျောင်းရှေ့ကို စစချင်းမြင်ရတဲ့ မြင်ကွင်းက လမ်းဘေးမှာ အမှိုက်ပစ်ချခြင်းပါပဲ။ စက္ကူ၊ ပလတ်စတစ်၊ ဘူးခွံ၊ ပုလင်းခွံ၊ ကော် ပစ္စည်းတွေဟာ လမ်းဘေးမှာ အမြင်မတော် လောက်အောင်ပါပဲ။ ရွာထဲက ဖြတ်သွားဖြတ်လာတဲ့ သူတွေက မြင် ကြပါရဲ့လား မပြောတတ်ပါ။ အရှင်ရဲ့မျက်စိထဲမှာတော့ အတော်လေးကို ရှုပ်ထွေးစရာ ပါပဲ။… (more…)

လွတ်လပ်ရေးခေတ် သာသနာ့သမိုင်း – မောင်အံ့ (မဟာဝိဇ္ဇာ-ဘုံဘေ)

သုဓမ္မာဂိုဏ်းသည် သံဃာပါးရေ အများဆုံးဖြစ်သည့်အတိုင်း နိုင်ငံအတွင်းတွင် အနှံ့အပြား ရှိသော ကျောင်းများ တွင် သီတင်းသုံးလျက်ရှိကြရာ ၈၀ ရာခိုင်နှုန်းမျှ ရှိပါသည် . . .သုဓမ္မာ ဂိုဏ်းဝင်တို့သည် နိုင်ငံရေးအကြောင်း ပြ၍ ကျောင်းထိုင်သံဃာ့အဖွဲ့ ၃ဖွဲ့ကွဲပြားလျက်ရှိ၏ . . .

(4-9)-010ယခင်တစ်ပါတ်မှအဆက်

သာသနာညွှန်ကြာရေးဝန် (ကြီပွားရေးစီမံမှု) ဌာန ပေါ်ပေါက်လာပုံ

ထိုဓမ္မ၀ိနယအမိန့်တော် ပြန်တမ်းကို အကောင်အထည်ဖော်ရန် အလို့ငှာယခင်ရှိပြီး သာသနာညွှန်ကြားရေးဝန် (၀ိနိစ္ဆယ) ဌာနခွဲအပြင် သာသနာညွှန်ကြားရေးဝန် (ကြီးပွားရေးစီမံမှု)ဌာနခွဲ တစ်ခုကို ၁၉၅၆ ခု၊ အောက်တို ဘာလ ၅ ရက်နေ့တွင် ထပ်မံဖွင့်လှစ်ခဲ့ရပါသည်။

ဆောင်ရွက်ရန် ချမှတ်ထားသော လုပ်ငန်းစဉ်များ

လွှတ်တော် တည်ဆောက်ရန်အတွက် အောက်ပါအတိုင်း အဆင့်ဆင့်ဆောင်ရွက် သွားရန်သတ်မှတ်ထားပါ သည်။

(၁) ဂိုဏ်းပေါင်းစုံမှ သံဃာအားလုံး ပါဝင်ချီးမြှင့်အောင် လျှောက်ထားသိမ်းသွင်းရန်။

(၂) လွှတ်တော်ရွေးကောက်ပွဲအတွက် သံဃာစာရင်းကောက်ယူရန်။

(၃) ဂိုဏ်းကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များပါဝင်သော သံဃာ့လွှတ်တော်အက် ဥပဒရေးဆွဲရေး ကော်မတီ ကို ဖွဲ့စည်းရန်။… (more…)

သာသနာ့နယ်မြေမှ သက်တော်ရှည်ဆရာတော် ဥူးပညိန္ဒကို လျှောက်ထားမေးမြန်းခြင်း – ဓမ္မပါလမြို့သား

““သာသနာအစ ငှက်ပစ်က ”” စာချိုးရှိခဲ့သော ငှက်ပစ်တောင်

(4-9)-032 (4-9)-033ဒီမှာ ကျောင်းထိုင်နေတာ ဘယ်နှစ် နှစ်ရှိပါပြီလဲဘုရား။

နှစ် ၄၀ကျော်လောက် ရှိသွားပြီ။ ဇာတိက နတ်မောက်နယ်သား။ ကြာသပတေးသားပေါ့။ ဦးဇင်းနဲ့ ဒီကျောင်းက တစ်ခုတည်း ၉၇။ ဦးဇင်းအကျိုးပေးတာနော်။ ဘုန်းဘုန်း အရင် ပျံလွန်တော်မူသွားတဲ့ ဘုန်းကြီးကလည်း ဥူးပညိန္ဒ။ ဦးဇင်းလည်း ဥူးပညိန္ဒ။ အဲဒီလို ခုတူ၊ လတူလာပြီး တိုက်ဆိုင်တာကိုး။ တိုက်ကြီးကလည်း ၉၇ ခုနှစ် က ဆောက်ပြီးတဲ့ တိုက်ကြီး။

အရင်ဆရာတော်ကြီးက ဒီတိုက်ထူထောင်တဲ့ ဘုန်းကြီးပေါ့။

အရင်ဆရာတော် ဥူးနန်္ဒိယဆိုတာ ဒီကျောင်းမှာ ရဟန်းခံတာ။ ဒီကျောင်းကြီး စာသင်တိုက်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျောင်းကြီး ၃ထပ်လုပ်လိုက်တာ။ အဲဒီတုန်းကပလိပ်ခေတ်။ ရောဂါနဲ့ ပါသွားတယ်။ ကျောင်း ကြီးပြီးသွားတယ်။ ဦးဇင်းလက်ထက်ကျတော့ မိုးကုတ်ရိပ်သာပြန့်ပွားရေး။ ၈နှစ် ကျော်ကျော်လောက် လုပ်လိုက် ပါသေးတယ်။ နောက်တော့လူတွေက သာသနိကကျောင်းကြီး ဖြစ်သင့်ပါတယ်ဆိုပြီးတော့ ဦးဇင်းတို့ မလှမ်း မကမ်း ၉ဧကလောက်ရှိတယ်။ တစ်သောင်းခွဲနှင့် ဦးဇင်းနဲ့ဆရာတော် ၂ပါးဦးဆောင်ပြီးတော့လုပ်ကြတဲ့ မိုးကုတ် ရိပ်သာ။ အရင်လည်း ဦးဇင်းကျောင်းမှာပဲ။ သာသနိကတိုက်ကြီး။ ဆရာတော်ကြီးနဲ့ တိုင်ပင်ပြီးတော့ မိုးကုတ် ရိပ်သာ ပြောင်းပြီး ပေးလိုက်တယ်။ ယာမြေ၀ယ်ပြီးတော့ ၉ဧက ကျော်တာပေါ့။ ဦးဇင်းတို့တိုက်က ကျောင်း ၉ ကျောင်းရှိပါတယ်။… (more…)

“ဇူလိုင် (၇)ရက် ကျောင်းသားအရေးတော်ပုံ”ခေတ် ကျောင်းသားခေါင်းဆောင်မျိုးဆက်များ ၁ – အောင်သာ (ပီသုံးလုံး)

တချို့ကျောင်းသားခေါင်းဆောင်ဆိုသူများဟာ အခုသုံးနေတဲ့ ခွပ်ဒေါင်းအလံကိုမသုံးချင်ဘူး၊ တခြားအလံ၊ ခွပ်ဒေါင်း မဟုတ်တဲ့ တခြားအလံကို သုံးချင်ပါတယ်ရမလားတဲ့။ အေးလေဒါတော့ မင်းတို့ ဆန္ဒပေါ့။ သမိုင်းတွေ၊ အုတ်ကျင်းတွေ မစဉ်းစားတော့ဘူး ဆိုရင်တော့လည်း ဘာပြော စရာရှိမလဲကွာ။ ခွပ်တဲ့ကောင်တွေ ထောင်ကျ နေတာကြောက်ပြီး မခွပ်ချင်တော့ဘူးဆိုရင်လည်း (ဠင်းတ)လဒတို့၊ ကြက်တူရွေးတို့၊ ကျီးကန်းတို့ရှိသေးတာပဲ . . .

(4-9)-09မြန်မာမျိုးချစ်များရဲ့ မြန်မာနိုင်ငံလွတ်မြောက်ရေးတိုက်ပွဲဟာ (၁၉၀၆မှ ၁၉၄၈)ခုနှစ်အထိ ကာလအားဖြင့် (၄၂) နှစ်ကြာခဲ့တယ်လို့ ဆိုရပါမယ်။ မြန်မာ့လွတ်မြောက်ရေးအစ ၀ိုင်အမ်ဘီအေကလို့ ဆိုရပါ မယ်။ မြန်မာ မျိုးချစ်များဟာ အကြောင်းပေါင်းစုံနဲ့ ဆုံးရှုံးခဲ့ရတဲ့ မြန်မာအမျိုးသားအချုပ်အခြာ အာဏာပိုင်ဘ၀ပြန်ရဖို့ လွတ်မြောက်ရေး လူထုအရေးတော်ပုံကြီး (၅)ခုဆင်နွှဲခဲ့ပါတယ်။ (၁) ၀ံသာနုအရေးတော်ပုံကြီး (၁၉၀၆၊ ၁၉၂၃)၊ ၀ံသာနုအရေး တော်ပုံကြီး ပုံကြီး အတွင်းမှာ၁၉၂၀ရန်ကုန်တက္ကသိုလ် ပထမ ကျောင်းသား သပိတ် ပေါ်ထွက်ပေါင်း စည်း ပေးခဲ့တယ်။ အမျိုးသားပညာရေးနဲ့ အမျိုးသား ကျောင်းထူထောင်မှုကြီး ဖြစ်ပေါ်ခဲ့ တယ်။ ဒီလှုပ်ရှားမှုကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးစီးခဲ့တယ်။ မြန်မာ့ခေတ်သစ် နိုင်ငံရေးအစ ၀ိုင်အမ်ဘီအေကလို့ မှတ်တမ်း တင်ရမှာပါ။ ၀ိုင်၊ အမ်၊ ဘီ၊ အေ (Y.M.B.A) လှုပ်ရှားမှုရဲ့ ကြွေးကြော်သံဖြစ်တဲ့ အမျိုးဘာသာသာ သနာကို စောင့်ေ ရှာက် ကြဆိုတဲ့ ကြွေးကြော်သံဟာ ပျော့ပျောင်းပြီးကျယ်ပြန့်တဲ့ အမျိုးသားကြွေးကြော် သံဖြစ်တယ်။… (more…)

သုဓမ္မာနှင့် ပထမရွှေကျင် ဆရာတော်ကြီးများ ကြည်ညိုကြသော ပဌမမူလဒွါရဂိုဏ်း သာသနာပြု ဥူးဥက္ကံ ၀ံသမာလာ အုတ်ဖိုဆရာတော်ဘုရားကြီးနှင့် မဟာဒွါရနိကာယ (၄) – အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသိရီသောဘန

ရွှေကျင်ဆရာတော် ဘုရားမေးမြန်းသမျှကို အာစရိယမုဋ္ဌိမချန် ပြန်လှန်ဖြေကြားတော်မူသည် … ရွှေကျင် ဆရာတော်ဘုရားကြီးသည် အသက်ထက်ဆုံး အုဂ်ဖိုရ်ဆရာ တော်ဘုရားကြီး၏ အဆုံး အမကို ခံယူလိုက် နာတော်မူသည်။ ဒဏ်ထားတော်မူလျှင် လည်းကြည်သာစွာ ဒဏ်ထမ်းတော် မူသည်။ အုဂ်ဖိုရ်ဆရာတော် ဘုရားကြီး၏ ထံမှောက်သို့ ဆိုက်ရောက်တော်မူလာလျှင် ဆရာတော်ဘုရားကြီး၏ ခြေတော်အစုံကို လက်နှစ်ဖက်ဖြင့် ကိုင်ယူ၍ မိမိနဖူးဖြင့် ပွတ်သပ်လျက် ရှိခိုးတော်မူသည် …

(4-9)-08ယခင်တစ်ပတ်မှအဆက်

ထိုအစည်းအဝေး၌ စာမေးတော်မူကြကုန်သော ဆရာတော်ကြီးတို့သည် အုဂ်ဖိုရ်ဆရာတော်ဘုရား၏့ သတ်္တိဗျတ်္တိ ကို အတပ်သိကြသော ပုဂ်္ဂိုလ်များဖြစ်ကြ၍့ တပါးတိုက်ပုဂ်္ဂိုလ်များကိုသာ မေးမြန်းကြကုန်၏့။ စပါးတောတိုက် မှကြွလာသော အုဂ်ဖိုရ် ဆရာတော်ကိုကား မမေးကြလေသော ကြောင့် ဗားကရာသာသနာပိုင် ဆရာတော် ဘုရားကြီးက ““စပါးတောတိုက်ကို ဆက်ခံလွှမ်းမိုး အစိုးရမည့် ဆရာတော်ကို အဘယ့်ကြောင့် မမေးကြ သနည်း” ဟုပြုံးရယ်လျက် မိန့်တော်မူသောအခါ စာမေး ဆရာတော်တို့သည် ၀ိုင်း၍့ ပြုံးရယ်ကြလေကုန်၏့။

မည်သူမျှ မမေးကြလေ၊ ထိုအခါ သာသနာပိုင် ဆရာတော်ဘုရားကြီးက““စပါးတောဆရာ တော်ကြီးထံ အဘယ်စာကို နည်းခံသင်ကြားသနည်း၊ အဘယ်အလုပ်ကိုအားထုတ်သနည်း””ဟုမေးမြန်းတော်မူလေလျှင် ““သဒ္ဒ တ္ထဘေဒစိန္တာကျမ်း, နေတ်္တိကျမ်း-များကို နည်းခံသင်ကြားကြောင်း၊ မြသိန်းတန် ဆရာတော်ကြီးက တိုက် တွန်းတော် မူအပ်သောကြောင့် ““အာချာတ်သာဓိ-နိယာမ် အဖြေဋီကာကျမ်း””ကို ရေးသားရကြောင်း များကို လျှောက်ထားလေ သည်ကို သာသနာပိုင် ဆရာတော်ဘုရားကြီး ၀မ်းမြောက်တော် မူလှ၍့ ထပ်မံတိုက်တွန်း တော်မူပြီးလျှင် ကြည့်ရှုလိုသောစာများကို ဘဏ္ဍာစိုးများထံ ငါ့အမိန့်နှင့်ထုတ်ယူကြည့်ရှုစေဟု အမိန့် ပေးတော် မူ၏့။ ထိုနေ့မှစ၍့ သာသနာပိုင် ဆရာတော်ဘုရားကြီးထံ ၀င်ဝံ့ထွက်ဝံ့သဖြင့် ဆရာတပည့်တို့ စိတ်နှလုံးချမ်း သာကြလေသည်။… (more…)

နယ်နှင်ခံခဲ့ရသော စာနယ်ဇင်းသမားဘ၀ – ဆောင်းဝင်းလတ်

နေ့လယ်က သမီးတို့ဆိုင်ကို နယ်မြေခံထောက်လှမ်းရေးတွေ ရောက်လာကြတယ်။ ဦးလေး က ထောင်ကထွက် လာပြီး နိုင်ငံခြားသူတွေနဲ့ ပတ်သက်နေတာ ဒီမနက်တွေ့ရတယ်တဲ့။ ဒါကြောင့် ဦးလေးကို ဒီနယ်မြေမှာ သူတို့ မထားချင်ဘူးတဲ့။ တစ်ပတ်အတွင်း ဒီအိမ်ကနေပြီး တခြားမြို့နယ်ကိုပြောင်းသွားကြဖို့ ဦးလေးတို့ မိသားစုကို ပြောပါဆိုပြီး သမီးတို့ကိုလာပြီး အမိန့်ပေးသွားကြပြီ ဦးလေးရယ်” လို့ ပြောရှာပါတယ် … သြော်… ကျွန်တော့် ကို နယ်နှင်ကြပြန်ပြီကိုး …

(4-9)-07အကျဉ်းထောင်ထဲ မရောက်ခင်က ကိုယ့်ရဲ့ကလောင်နာမည်နဲ့ စာရေးသားခွင့် ရခဲ့ပါတယ်။ စာနယ်ဇင်းတွေမှာ အယ်ဒီတာ လုပ်ခွင့်ရခဲ့ပါတယ်။ အကျဉ်းထောင်ထဲ ရောက်သွားတဲ့ အချိန်ကစပြီးခဲတံ၊ ဘောလ်ပင်၊ စာရွက် စာအုပ်ကိုင်ဆောင်ခွင့် မရတော့ပါဘူး။ စာဖတ်ခွင့်လည်း မရှိခဲ့ပါဘူး။ ခံတွင်း အချဉ်ပြေပေါ့လိပ်ဖွာတာတောင်မှ ညနေ ဆိုရင်တာဝန်ကျထောင်မှူး ရုံးခန်းကိုဖွာပြီး သားဆေးလိပ်အစီခံ တိုလေးတွေ အပ်ရပါတယ်။ ဆေးပေါ့ လိပ်ထုတ်လုပ်ရောင်းချတဲ့ ဆေးလိပ်ခုံတွေမှာ အစီခံကိုသတင်းစာ စက္ကူအသုံးပြုပြီး အစီခံလိပ်ကြပါ တယ်။ ဆေးလိပ် အစီခံကိုခွာကြည့်လိုက်ရင် သတင်းစာအပိုင်းအစ မြင်ရတတ်ပါတယ်။ ဒါကို မတွေ့ရမမြင်ရအောင် ကျွန်တော်တို့ဟာ တစ်ရက်တစ်ခါ ညနေတိုင်း ဆေးလိပ်အစီခံတွေကို လွှင့်မပစ်ရဘဲ ထောင်မှူးရုံးခန်းကို ပြန်ပြီး အပ်နှံခဲ့ကြရတာဖြစ်ပါတယ်။ အကျဉ်းထောင်က လွတ်လာပြီးတော့ မိသားစုနဲ့ ပြန်ဆုံစည်းရတဲ့အချိန်မှာ သိပ် မကြာခင်မှာပဲ ပုဂ္ဂလိကစာနယ်ဇင်းတိုက် တစ်တိုက်က ၀မ်းသာအားရနဲ့ ကမ်းလှမ်းဖိတ်ခေါ်လာပါတယ်။… (more…)

ဟစ်တလာကို သဘောကျသော ၀န်ကြီးချုပ်ဟောင်းဦးနု ဟစ်တလာ့နှုတ်ခမ်းမွေးမျိုးထားခဲ့ခြင်း – စည်သူမြသန်း

စာရေးဆရာကြီးကား (ထိုစဉ်က) ဟစ်တလာ့နှုတ်ခမ်းမွေးမျိုးထားခဲ့သည်ဟုဆို၏။ ထိုစဉ်က အင်္ဂ လိပ်နယ်ချဲ့သမားကို မုန်းတီးသူအများအပြားသည် ဟစ်တလာ့ကို သဘောကျနေခဲ့ ရာ ထောင်ထဲတွင် ဟစ်တလာ့ပုံ တစ်ပုံ နှစ်ပုံကပ် ထားသည်ဟုဆို၏။ သို့သော် ဟစ်တလာ့ နာဇီတပ်များ ဆိုဗီယက်ယူနီယံကို ကျူးကျော် တိုက်ခိုက်သော အခါ …

(4-9)-06(နိဒါန်း)

ကြည်လင်ပြာလဲ့သော ကောင်းကင်နောက်ခံဖြင့် ကမ္ဘာအေးစေတီသည် သပ္ပာယ်စွာတည်ရှိနေသည်။ ဆည်း လည်းသံလေးများ လွင်လွင်သာလျက်။ ကျွန်တော်ရောက်နေသည်က ကမ္ဘာအေးကုန်း မြေရှိ ဒေါ်မြရီ တန် ဆောင်း။ ဒေါ်မြရီတန်ဆောင်းမှာ ဗုဒ္ဓဘာသာ ကမ္ဘာအနှံ့သာသနာ ရောင်ဝါလင်းစေသောဝ် လုပ်ငန်းဌာနရှိ သည်။ ထိုသာသနာပြုလုပ်ငန်းဌာန၏ အကြီးအမှူးက အမှောင်ခွင်း၍ အလင်းဆောင်အံ့ စာရေးဆရာကြီးဦးနု။

ကျွန်တော့်ဦးလေး ရန်ကုန်စိုးလွင်သည် ထိုလုပ်ငန်းဌာနမှာ အင်္ဂလိပ်ဘာသာလက် နှိပ်စက်စာရေး။ စာရေး ဆရာကြီးနှင့်တကွ ဗုဒ္ဓ၏အဆုံးအမဒေသနာ ပိဋကတ်တော်များကို အင်္ဂလိပ်ဘာသာပြန်ဆိုရာမှာ ပူး ပေါင်းလုပ် ကိုင်နေသူများက စာရေးဆရာမကြီးဒေါ်ခင်မျိုးချစ်၊ ဆရာကြီး ဦးခင်မောင်လတ်နှင့် အခြားသော ပါဠိဘာ သာပြန် မြန်မာပညာရှိလူကြီးများ။ ထိုပုဂ်္ဂိုလ်များ၏ ရည်ရွယ်ချက်က ဗုဒ္ဓ၏အဆုံးအမဒေသနာ၊ ပိဋကတ်တော်များ ကမ္ဘာ အနှံ့ပြန့်ပွားစေရန် အင်္ဂလိပ်ဘာသာသို့ ရေးသားပြန်ဆိုခြင်း။ ရည်ရွယ်ချက် မြင့်မားမွန်မြတ်လှသည်။ ကျွန်တော့် ဦးလေး၏ လက်နှိပ်စက်ရိုက်ရာနေရာသည် ဒေါ်မြရီတန်ဆောင်းအောက်ထပ်။ ဦးလေးသည် လက်နှိပ်စက် တ ဂျောင်းဂျောင်းရိုက်နေရာမှ ကျွန်တော့်ဘက်လှည့်၍ ““ဥက္ကဋ္ဌကြီး ရောက်နေတယ်။ မင်းကို စာရေးဆရာ သခင်မြ သန်းသားတစ်ယောက်အနေနဲ့ ငါ့ဧည့်စာရင်းတင်ကြည့်လိုက်မယ်။ ငါ့ကိုတော့ (ကိုကို့ရဲ့ညီ စာရေး ဆရာ သခင်မြသန်းညီမှန်း) ဥက္ကဋ္ဌကြီး မသိဘူးနော်) ကျွန်တော်သည် ဧည့်စာရင်းမတင်ရန် ဦးလေးအား ကန့်ကွက်လို သော်လည်း မကန့်ကွက်ဖြစ်လိုက်။ ကျွန်တော့်လို မလောက်လေး မလောက်စား ချာတိတ်တစ်ယောက် က အရှိန်အ၀ါကြီးမားသော ဥက္ကဋ္ဌကြီး(စာရေးဆရာကြီး)ကို တွေ့ဆုံရန်ဆိုသည်မှာ ကျွန်တော်မတွေးဝံ့သောအရာ၊ မတွေးဝံ့သော ကိစ္စ။… (more…)